ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ အဆိုပါစစ်ကောင်စီတပ်သားက MA-11 အမျိုးအစားသေနတ် ၁ လက်နဲ့ ကျည်ဘောက် ၃ ခု ယူဆောင်လာကာ KNDF တပ်ရင်း ၉ ဆီ အလင်းဝင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဆီက ခက်ခက်ခဲခဲ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူဟာ မိမိဆန္ဒမပါဘဲ စစ်မှုထမ်းဖို့ မဲပေါက်ပြီး စစ်ကောင်စီရဲ့ အပတ်စဥ်(၁) စစ်သင်တန်းဆီ အတင်းအဓမ္မပို့ဆောင်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

စစ်သင်တန်းပြီးတဲ့နောက် ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) လက်အောက်ခံတပ်ရင်းရဲ့ တပ်သားအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လမှာ ကရင်နီပြည်နယ်ကို စတင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်ထဲပို့ခံရတာ၊ အာဏာရှင်အတွက် ပြည်သူအချင်းချင်း အဓိပ္ပါယ်မဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းမပြုလိုတာနဲ့ သာမန်လူတစ်ယောက်လိုသာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ဘဝကို ဖြတ်သန်းချင်တာတို့ကြောင့် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်သား ၄ ယောက်က သေနတ် ၃ လက်နဲ့အတူ ဘက်ပြောင်းခိုလှုံခဲ့ပြီး ၃ လအတွင်း စုစုပေါင်း တပ်သား ၅ ယောက် KNDF တပ်ရင်း ၉ ဆီ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

KNDF တပ်ရင်း ၉ အနေနဲ့ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားတွေအတွက် လိုအပ်တဲ့အကူအညီအချို့ကို ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာနေရာတွေဆီ ပို့ဆောင်ကာ လုံခြုံတဲ့နေရာမှာ ထားရှိပြီး​​ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ တပ်သားတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီ ဘက်ပြောင်းခိုလှုံကြဖို့ KNDF တပ်ရင်း ၉ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်း၊ အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်မယ့် ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း ဖွဲ့စည်းခြင်းနဲ့ စစ်ကြောင်းအပ်နှံပွဲကို အောက်တိုဘာ ၅ ရက် မနေ့က KNU တပ်မဟာ (၁) နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ GD-2 ဒရုန်းတပ်ဖွဲ့ တပ်သားသစ်များ လက်ခံနေ

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Libration Army - MLA) ရဲ့ Galon Drone Team - 2 (Multi-Rotor) ဒရုန်းတပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လိုတဲ့ လူငယ်တွေကို စိစစ်လက်ခံနေတယ်လို့ MLA က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကိုင်းမြို့အဝင်ရှိ စစ်အုပ်စု ငွေညှစ်ရာဂိတ်ကို ယူနီကွန်းပြောက်ကျား-UGF က သေနတ်မဖောက်ရဘဲ သိမ်းပိုက်ရရှိ…

"ကျနော်တို့သွားပစ်တော့ သူတို့စစ်ကိုင်းဘက်ထွက်ပြေးသွားတယ်။ အဲ့နောက် အင်အားဖြည့်ပြီး ပြန်ထိုးလာပါတယ်။ အဲ့မှာ ဆုတ်တဲ့အချိန်လက်နက်ကြီးပစ်တာမှာ အီနာဂါတွေပါပါတယ်။ အရပ်သားသေတဲ့သတင်းတော့မကြားသေးဘူး။ဆေးရုံတော့ပို့ရတယ်။ "လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့-UGFတာဝန်ရှိသူက ပြောပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ(၂) စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ (၄) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာအပြင်းအထန်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။