ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ် ၄ ယောက် လက်လုပ်မိုင်း နင်းမိရာ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

အဲဒီကလေးငယ်တွေဟာ ဖေဖော်ဝါရီလ ၂ ရက် နေ့လည်ပိုင်းမှာ ရေချောင်းအတွင်း ငါးသွားဖမ်းနေချိန် လက်လုပ်မိုင်းကို နင်းမိခဲ့တာဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက်(၄)နှစ်အရွယ်နဲ့ အသက် (၅)နှစ်အရွယ်တို့ဖြစ်ပြီး အသက် (၉)နှစ်အရွယ်နဲ့ အသက် (၈)နှစ်အရွယ် ကလေးငယ်တွေကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသဖို့ ဆေးရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်ကလည်း ကွတ်ခိုင်မြို့နယ်၊ လွယ်ဆိုင်ကျေးရွာမှာ အမျိုးသားတစ်ယောက် ကျွဲရှာနေချိန် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ရေးအတွက် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ခံနေရတဲ့ TNLA ထုတ်ပြန်

တရုတ်နိုင်ငံအစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရတဲ့ ပြည်သူတွေ အကျိုးကို ငဲ့ညှာထောက်ထားပြီးတော့ပါ နှစ်ဖက်စစ်ရေး ပဋိပက္ခတွေ အဆုံးသတ်အောင် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

ကမ္မဒေသရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်၊ စစ်ရှောင်၂ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ စစ်ဘေး​ရှောင် ၂ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောရွာကို မီးဝင်ရှို့ပြီး အရပ်သား ၂ယောက်ကို သတ်ကာ၊ ၃ယောက်ကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက ဘအင်းသရက်တောရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အရပ်သား၂ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ၃ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။