ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေဟာ ကြို့ပင်ကောက်မြို့နယ် မြို့ကိုင်းအုပ်စု ကျွန်းတောစုကျေးရွာကို အင်အား ၅၀ ခန့်နဲ့ ဝင်ရောက်ပြီး ပေါ်တာဆွဲဖို့ ကြိုးစားခဲ့ကြတာပါ။ အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပြည်သူနေအိမ်တွေကို မွှေနှောက်ကာ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူပြီး ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာသို့ ထွက်ခွာလာချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီခရိုင်  တပ်ရင်း (3801) တပ်ခွဲ-1 YOMA (GBK) PDF၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း (3802) တပ်ခွဲ-1 Dragon Brothers (GBK )PDF၊  ပဲခူးရိုးမအခြေပြု  BTZM (GBK) PDF တပ်ဖွဲ့နဲ့ ညီ​နောင်မဟာမိတ်တပ်ပေါင်းစုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင် ပကဖ၊ ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း)  ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်တွန်းလှန်ရေးမှာ လိုအပ်နေတဲ့ ဒရုန်းတွေ ဝယ်ယူနိုင်ဖို့ “မကွေးဝေဟင် ဒရုန်းစစ်ဆင်” ကမ်ပိန်း (ရုပ်/သံ)

မကွေးခရိုင်ကွပ်ကဲရေးရုံးက အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်ရေးတိုက်ပွဲမှာ လိုအပ်နေတဲ့ ဒရုန်းတွေဝယ်ယူနိုင်ဖို့ ''မကွေးဝေဟင် ဒရုန်းစစ်ဆင်'' ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ စစ်တပ်ငြင်းဆိုမှုအတွက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းတောင်းဆို (ရုပ်/သံ)

စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမကောင်းဘူးဆိုတာ မမှန်ကန်တဲ့ သတင်းလို့ ငြင်းဆိုခဲ့ပြီးနောက် တိုက်ရိုက်ဆက်သွယ်ခွင့်ပေးဖို့ ကိုထိန်လင်းက တောင်းဆိုခဲ့ ပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က အမျိုးသားနေ့အထိမ်းအမှတ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။