ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။

 AA ဖွဲ့စည်းထားတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ DLEPS က ပြည်ပအရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်နဲ့ စားသောက်ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံ စစ်ဆေးရှာဖွေဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ပြင်ပ အရက်၊ ဘီယာ၊ ဝိုင်တွေကို စနစ်တကျ ထိန်းသိမ်းထားပြီး တရားမဝင်​ ရောင်းချနေသူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူနေသလို ပြည်ပ အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန်မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ လက်ကျန်ကုန်တွေကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကစလို့ ၃ လအတွင်း အကုန်အပြီးသတ် ရောင်းချဖို့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က အသိပေးခဲ့တယ်လို့ သိရပါတယ်။

AA အနေနဲ့ သိမ်းပိုက်ထားတဲ့ မြို့တွေမှာ တရားဥပေဒစိုးမိုးရေးနဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်တွေ ထူထောင်နေရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

(ဓာတ်ပုံ APM)

0 Shares:
You May Also Like
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ သေဆုံးခဲ့

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကောင်စီကို နည်းမျိုးစုံနဲ့တွန်းလှန်နေမှာဖြစ်ကြောင်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့တစ်နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Read More

ဝက်လက်မှာ တစ်ရက်အတွင်း စစ်တပ်စစ်ကြောင်း တစ်ခုလုံးနီးပါး ပြုတ်ထွက်ကာ ၁၀၀ နီးပါး သေ

ဇန်နဝါရီ ၅ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား များစွာ သေဆုံးခဲ့ပါတယ်။ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်ထွက်သွားအောင် တိုက်ခိုက်ခံရသလို စစ်သား ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။