စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၃ ရက်က အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို ငါးယှဉ်ရွာအရှေ့ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ယာဉ်ဟာ ငါးယှဉ်ရွာအရှေ့ဘက် တံတားဖြူနားမှာ ထိုးရပ်သွားပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး စစ်ဒေသ ၃ BLDF တပ်ခွဲအညာမိုင်းနဲ့ Yae Nagar People Defend Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ် လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စာသင်နေချိန် အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဆရာမ ၂၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

ထီးလင်းမြို့ပေါ် စစ်တပ်အထိုင်ချ နေရာတွေကို ရော့ကတ်တွေ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကနေ နေ့လည်အထိ ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။
Read More

ပြည်သူများကို ထောက်ပံ့ကူညီခဲ့သည့် ရုပ်သံမှတ်တမ်း တော်ဝင်ဒေါင်းတပ်ရင်း ထုတ်ပြန် (ရုပ်/ သံ)

တော်ဝင်ဒေါင်းတပ်ရင်းက ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီကာကွယ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ရေပုတ်ကြီးကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့မှု မှတ်တမ်း Young Force UG ထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ယောက်သေခဲ့တဲ့ ရုပ်သံကို Young Force UG က ထုတ်ပြန်လိုက်ပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။