ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၄) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၅၈၄ တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သား ၃ ယောက်ဟာ လက်နက်တွေ ယူဆောင် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းအဖြစ် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စေခိုင်းခံခဲ့ရသူတွေဖြစ်ကာ လက်နက်ချ အလင်းဝင်ချိန်မှာတော့ MA-4 တွဲပစ် လောင်ချာ (၁) လက်၊ MA-1 (၂) လက်၊ ကျည် (၇၅) တောင့်နဲ့ ကျည်ဘောက် (၃) ဘောက်တို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ကို KNU ရဲ့ ကျောက်ကြီးမြို့ တာဝန်ရှိသူတွေနဲ့ တပ်ရင်း (၉) တာဝန်ရှိသူတွေ ပူးပေါင်းပြီး တစ်ယောက်ကို မြန်မာငွေ ကျပ် (၁၀) သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မိမိ ဆန္ဒသဘောထားမပါဝင်ဘဲ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းလမ်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်တစ်ယောက်အပါ ဒေသခံ (၃) ယောက် သေဆုံး၊ (၁၃) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ယောက်အပါအဝင် ဒေသခံ (၃) ယောက် သေဆုံးပြီး (၁၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်ကို သွားသည့် စစ်သင်္ဘောအုပ်စုမှ ထွက်ပြေးလွတ်မြောက်လာသူ ဒုရဲအုပ် (၁) ဦးနှင့် စစ်မှုထမ်း (၂) ဦး ကို PDF ထိန်းသိမ်းစောင့်ရှောက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ခုတ်မောင်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်သင်္ဘောအုပ်စုင ဒုရဲအုပ် (၁) ယောက်နဲ့ အဓမ္မလူသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းစစ်သား (၂) ယောက် ထွက်ပြေးလွတ်မြောက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းဒေသ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားနိုင်ပြီဟု PDF Zoland ထုတ်ပြန်

ဇိုမီးဖက်ဒရယ်ပြည်ထောင်စု/ ဇိုလန်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Zomi Federal Union/Zoland - People's Defence Force) အနေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီနဲ့ ကာလရှည်ကြာတိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပြီးနောက် အခုအခါ ချင်းဒေသရဲ့ ၈၀% ကျော်ကို ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့်မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅) မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃) ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။