ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာမြို့ဟာ ရွှေကုက္ကိုလ်မြို့ဖြစ်ပေမယ့် အနီးအနားက မြ၀တီမြို့နယ်ကိုပါ ဒီကနေ့ မနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်မှာ လျှပ်စစ်မီး ဖြတ်တောက်ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

“တကယ်တော့ မနှစ်တိုက်ပွဲကတည်းက မြဝတီမှာ ထိုင်းဘက်ကပေးတဲ့ မီးက ရပ်ကွက် အနည်းငယ်ပဲရတော့တာ၊ ကျနော်တို့က အဲ့ကတည်းက မီးစက်ပဲ အားကိုးနေရတာ၊ အခုက ဆီတွေပါပြတ်တော့ တော်တော်လေး တိုင်ပတ်ကုန်တယ်၊ ဆီဆိုင်တွေဆို တိုးပိတ်နေလို့ အခုတန်းစီတာကနေတောင် ပြန်လှည့်ပြန်လာခဲ့ရတယ်” လို့ မြဝတီမြို့ခံတစ်ယောက်က ပြောပါတယ်။ 

ယနေ့ တာ့ခ်ခရိုင် လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံမြဝတီသို့ လျှပ်စစ်ဓာတ်အား ပေးပို့သည့် ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မီးပွိုင့်တွင် လျှပ်စစ်မီး ဖြတ်တောက်နေစဉ် (ဓာတ်ပုံ MGR Online)

ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်တောက်လိုက်တဲ့ထဲမှာ မြဝတီမြို့က အစိုးရဆေးရုံလည်းပါဝင်တာကြောင့် ဒေသခံပြည်သူတွေများစွာ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ 

အလားတူ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကိုလည်း ထိုင်းအစိုးရကနေ လျှပ်စစ်မီးနဲ့ စက်သုံးဆီဖြတ်တောက်မှုတွေကို ဒီကနေ မနက် ၈နာရီခွဲအချိန်မှာ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိ ဘုရားသုံးဆူမြို့မှာ ဆီပြတ်လပ်မှုနဲ့ မီးမရရှိမှုကြောင့် သောက်သုံးရေထုတ်လုပ်မှုကိုပါ ထိခိုက်နေပြီး မြို့ခံတွေက ရေပြတ်လပ်မှုပါ ကြုံနေရတယ်လို့ သိရပါတယ်။ 

“အခု မီးဖြတ်တာ တရုတ်တွေကြောင့် ဖြတ်ခံရပေမယ့် တရုတ်တွေက အေးဆေးပဲ၊ သူတို့မှာ ပိုက်ဆံရှိတယ်လေ မြို့ထဲမှာ သူတို့တွေပဲ မီးစက်တွေ လိုက်ဝယ်နေတာ၊ အဓိကက မြို့ခံတွေပဲ ခံရတာပဲ” လို့ ဘုရားသုံးဆူမြို့ခံတစ်ယောက်ကလည်း ဆိုပါတယ်။ 

တာချီလိတ်မြို့ကိုလည်း ထိုင်းအစိုးရက လျှပ်စစ်မီး ဖြတ်တောက်လိုက်ပေမယ့် နောက်ထပ်နယ်စပ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကနေ လျှပ်စစ်မီးထောက်ပံ့မှုတွေ လုပ်ဆောင်ပေးထားဆဲ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မောင်းကနေ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ဒါပေမယ့် တာချီလိတ်မှာလည်း စက်သုံးဆီ ပြတ်လပ်မှာ စိုးရိမ်တာကြောင့် ဒီနေ့မနက်အစောပိုင်း ယာဉ်ကြောတွေ ပိတ်ဆို့တဲ့အထိ ဓာတ်ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်း ဝယ်ယူမှုတွေ ရှိနေခဲ့ပါတယ်။

ယနေ့ တာချီလိတ်က ဓာတ်ဆီဆိုင်တစ်ခု အခြေအနေ (ဓာတ်ပုံ naewna_online)
ယနေ့ တာချီလိတ်က ဓာတ်ဆီဆိုင်တစ်ခု အခြေအနေ (ဓာတ်ပုံ naewna_online)
0 Shares:
You May Also Like
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မလေး ရေနယ်နိမိတ်အတွင်း ရိုဟင်ဂျာလှေနစ်မြုပ်မှု သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ 
Read More

ရုရှား လေတပ်စခန်းများကို ယူကရိန်းက Web Operation အဖြစ် ဒရုန်းများဖြင့် တိုက်ခိုက်၊ ရုရှားစစ်လေယာဉ် ၄၀ ကျော် ပျက်စီးဟု ဆို

ရုရှားနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းတွေကို ဇွန်လ ၁ ရက် မနေ့က ယူကရိန်းရဲ့ S.B.U ထောက်လှမ်းရေးအေဂျင်စီက ဦးဆောင်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

မြန်မာက လိမ်လည်လုပ်ငန်းတွေကိစ္စ ထိုင်းကိုအပြစ်တင်လို့မရဘူးလို့ ထိုင်းအစိုးရပြော၊ BGF ကို လျှပ်စစ်ဓာတ်အား ဆက်ရောင်းနေသေးတဲ့အပေါ် ထိုင်းလွှတ်တော်မေးခွန်းထုတ်

မြန်မာပြည်မှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ ပြန့်ပွားနေမှုအတွက် ထိုင်းကိုလည်း တစိတ်တပိုင်းအပြစ်တင်ထားတဲ့ မြန်မာစစ်ကောင်စီရဲ့ ပြောဆိုချက်ကို လက်မခံကြောင်း၊ ဒီကိစ္စက အဖွဲ့ပေါင်းစုံပါဝင်ပတ်သက်နေပြီး ရှုပ်ထွေးကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်မှာ ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြပါတယ်။