ဇန်နဝါရီလအတွင်း မန္တလေးနဲ့ ရန်ကုန် မြို့ကြီး ၂ခုမှာ လူငယ်ပေါင်း ၇၀၀ ကျော် ဖမ်းဆီးခံရပြီးစစ်မှုထမ်းပေါ်တာဆွဲမှုအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရတဲ့အထဲ ပါဝင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီးခဲ့သူတွေထဲမှာ လူငယ်၊ လူရွယ် အမျိုးသားတွေအပြင် အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တွေလည်းပါဝင်ကြောင်းသိရပါတယ်။

ဇန်နဝါရီလအတွင်း မန္တလေးမြို့၊ မြို့နယ် ၇ ခုက လူ ၂၃၇ ယောက်အထိကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီး မဟာအောင်မြေမြို့နယ်က ၄၆ယောက်နဲ့အများဆုံးဖြစ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရပ်ကွက်အာဏာပိုင်တွေနဲ့အတူ ဧည့်စာရင်း အကြောင်းပြပြီး နေ့ညအချိန်မရွေး ဝင်ရောက်ဖမ်းဆီးတာ၊ လမ်းမတွေပေါ် လုံခြုံရေးအကြောင်းပြ စစ်ဆေးဖမ်းဆီးတာတွေအပြင် အလုပ်သွား၊ အလုပ်ပြန် အခြေခံလူတန်းစားတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မန္တလေးသပိတ်အင်အားစု၏ ထုတ်ပြန်ချက်
မန္တလေးသပိတ်အင်အားစု၏ ထုတ်ပြန်ချက်

ရန်ကုန်တိုင်းထဲမှာလည်း စစ်ကောင်စီက ဇန်နဝါရီလ တစ်လအတွင်း ၄၇၅ယောက်အထိ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ၅၈ ယောက်လွတ်မြောက်လာခဲ့သလို ၁၇ယောက်က ပြန်လွှတ်ပေးခြင်းမခံရကြောင်းနဲ့ ၃၉၇ ယောက်ရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိရှိရကြောင်း Rangon Scout Network က ဖော်ပြပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲ စစ်မှုထမ်းစာရင်းကျကာ အိမ်တိုင်ရာရောက် ဖမ်းဆီးခံရသူတွေအပြင် မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်လာကြောင်း သိရပါတယ်။

“စစ်မှုထမ်းစာရင်းစာရွက်နဲ့ အိမ်ထိလိုက်ဖမ်းခေါ်တာတွေ ပိုများလာပါတယ်။ အခုတစ်ခေါက်မှာ အမျိုးသမီးတွေကိုလည်း ပိုဖမ်းလာတာ တွေ့ရတယ်။ ကျန်တာတော့ အရင်လတွေကလိုပဲ လိုက်ဆွဲတာပါ။ ပါပါတယ်ဗျ။ တော်လှန်ရေးလှုပ်ရှားသူ‌တွေဆိုပြီး လိုက်ရှာဖမ်းတာ ခံရတဲ့ထဲ ၁၇ ယောက်ရှိတယ်” လို့ Rangon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်း မြို့နယ်အလိုက် ဖမ်းဆီးခံရမှုများ (ဓာတ်ပုံ RSN)

ရန်ကုန်တိုင်းအတွင်း မစ်ရှင်တွေ ဆောင်ရွက်ရင်း ဖမ်းဆီးခံရတဲ့သူတွေရှိကြောင်း စစ်​ကောင်စီက ဝါဒဖြန့်သတင်းလွှင့်တာတွေရှိသလို မြေပြင်မှာလည်းအခက်အခဲတွေကြောင့် အမှန်တကယ် ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိကြောင်း မြို့ပြတော်လှန်ရေးအင်အားစုတွေက အတည်ပြုပါတယ်။

“စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်ရေးအရ သတင်းလွှင့်တာလည်းရှိသလို လက်တွေ့အဖမ်းခံရတဲ့ Local အဖွဲ့တွေလည်း ရှိပါတယ်။ ပွဲတစ်ပွဲကပြီးလို့ မြို့ထဲမထွက်တာတို့၊ ထွက်ဖို့အတွက် နောက်အိမ်တစ်လုံးငှားဖို့ အဆင်မပြေတာတို့မှာ ဖမ်းမိကြတာပေါ့။ နောက်ပြီး ရန်ကုန်မှာအရင်လို လူငယ်တွေအတွက် မလွယ်တော့ဘူး။ အဖွဲ့တွေခမျာ ငွေကြေးအင်အား မတတ်နိုင်ကြတာလည်း ပါတယ်” လို့ မြို့ပြတော်လှန်ရေးအဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၂၃ရက်နေ့မှာ စစ်ကောင်စီက စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုပြဌာန်းပြီး လူငယ်တွေကိုတရားဝင် အဓမ္မစစ်မှုထမ်းစေဖို့နဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို အရေးယူဖို့ ပြောကြားထားတာ ဖြစ်ပါတယ်။

ဒီအတွက် တော်လှန်ရေးအင်အားစု တော်တော်များများကလည်း လူငယ်တွေ စစ်မှုထမ်းဥပဒေကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေဆီ ဝင်ရောက်ကာ စစ်ကောင်စီကို လက်နက်ကိုင်ပြန်ကြတိုက်​ဖို့ တိုက်တွန်းထားပါတယ်။

 

0 Shares:
You May Also Like
Read More

ရှမ်း-မန်း စစ်ဆင်ရေးက ရလာတဲ့ စစ်ရေးအတွေ့အကြုံတွေနဲ့ လက်နက်တွေကြောင့် ဝက်လက်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်နိုင်ခဲ့တဲ့ ရွှေဘိုခရိုင် တပ်ရင်းများ

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ဗိုလ်ကြီး ၃ယောက်ဦးစီးတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ​က တစ်ရက်တည်း အပြတ်သတ်ချေမှုန်းရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ဟန်ပြလုပ်ဆောင်ရင်း အရပ်ဘက် ကယ်ဆယ်ရေးသမားများကိုလည်း အာဏာပြတားဆီးနေ

စစ်ကိုင်းမြို့အတွင်း ကယ်ဆယ်ကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းအပါတွေက ဟန်ပြလုပ်ဆောင်ရင်း အကူအညီပေးမယ့် အရပ်ဘက်ပရဟိတအဖွဲ့တွေကိုလည်း အာဏာပြစစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးကို စစ်ထောင်ချလိုက်တာ … စစ်မှုထမ်း မတရားဥပဒေနဲ့ သူတို့ အသက်ဆက်ဖို့ကြံတာ

စစ်ကောင်စီဟာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားအားလုံး စစ်မှုထမ်းဆောင်ရမယ်ဆိုတဲ့ မတရားဥပဒေတစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြဋ္ဌာန်းအသက်သွင်းခဲ့တာဟာ စစ်မှုထမ်း အပတ်စဉ် (၉) အထိကို ရောက်ရှိလာခဲ့ပါပြီ။ 
Read More

စစ်တပ်အလိုကျ အားရပါးရ ကပြနေတဲ့ အုပ်ကြီး

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းမှာ စစ်မှုထမ်းဖို့ စာရင်းပါနေတဲ့ လူငယ်တစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာခေါ်ခဲ့ကြပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

တော်လှန်ရေးတပ်များ ဖြတ်တောက်ပစ်မည့် စစ်ကောင်စီ၏ အသက်သွေးကြော (သို့မဟုတ်) တုန်လှုပ်ခြောက်ခြားနေသည့် ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာပြည်အနှံ့အပြားမှာ တည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာ ဖြစ်ပါတယ်။