မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို နေ့စဉ်ကျူးလွန်နေပြီး အခုလို လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ဖမ်းဆီးမှုဟာ လစဉ်မြင့်တက်နေတယ်လို့ မန္တလေးသပိတ်အင်အားစုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း မန္တလေးက အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန် အစရှိတဲ့ မြို့နယ် ၇ ခုက လူငယ် ၂၀၀ ကျော်ဟာ စစ်မှုထမ်းဖို့ အကြမ်းဖက်ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုပြဌာန်းခဲ့ပြီး နောက် တစ်နိုင်ငံလုံးက လူငယ် အမျိုးသား၊ အမျိုးသမီးတွေသာမက လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုပါမကျန် လူ့အခွင့်အရေး ချိုးဖောက်ပြီး စစ်မီးအတွင်းကို ဆွဲသွင်းနေတာက အထင်အရှားဖြစ်တယ်လို့ မန္တလေး သပိတ်အင်အားစုက ဆိုပါတယ်။

မန္တလေးက မြို့နယ် (၇) ခုအတွင်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁)ရက်ကနေ (၃၁) ရက်အထိ တစ်လတာအတွင်း စစ်မှုထမ်းဖို့ မတရားအဖမ်းဆီးခံရသူ လူငယ်စာရင်းကို ပြုစုခဲ့ရာ အောင်မြေသာဇံမြို့နယ် (၃၂) ယောက်၊ ချမ်းအေးသာဇံမြို့နယ် (၂၇) ယောက်၊ မဟာအောင်မြေမြို့နယ် (၄၆) ယောက်၊ ချမ်းမြသာစည်မြို့နယ် (၃၀) ယောက်၊ ပြည်ကြီးတံခွန်မြို့နယ်(၃၅) ယောက်၊ ပုသိမ်ကြီးမြို့နယ် (၃၄) ယောက်နဲ့ အမရပူရမြို့နယ် (၃၃) ယောက်၊ စုစုပေါင်း (၂၃၇) ယောက်ထက်မနည်း မတရားဖမ်းဆီးခံခဲ့တယ်လို့  ဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မနေ့က ဖေဖော်ဝါရီ ၄ရက်နေ့မှာ  ပြောကြားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေဟာ အခုဆို တစ်နှစ် ပြည့်ခဲ့ပြီဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကိုလည်း စစ်ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်တယ်ဆိုပြီး စစ်ကောင်စီက ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ခဲ့ပြီး အခုဆိုရင် အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်နှင့် မြိတ်ခရိုင် PDF တပ်ရင်း ၃ တို့၏ ဇွန်လတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၃ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

AA လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့ မင်းအောင်လှိုင် ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် AA ကို လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုပြောကြားလိုက်ပါတယ် ။ 
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
Read More

နယ်မြေစိုးမိုးမှု မရှိသေးသည့်တိုင် ရန်ကုန်ဟာ တော်လှန်ရေးခြေလှမ်း နောက်ကျမနေကြောင်း NUG ဝန်ကြီးချုပ် ပြောကြား၊ ရန်ကုန်တော်လှန်ရေး သူရဲကောင်းများ၏ ပေးဆပ်မှုများအပေါ် NUG ဘယ်တော့မှ လျစ်လျူမရှုဘူးဟု ဆို

ရန်ကုန်ဟာ စစ်အာဏာသိမ်းမှုကာလ အစကနေ ဒီနေ့အချိန်ထိ ခက်ခဲ ကြပ်တည်းမှုတွေကြားကနေ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ခုခံတွန်းလှန်နေကြဆဲဖြစ်ပြီး တချို့ဒေသတွေလို နယ်မြေစိုးမိုးမှုမရရှိသေးပေမယ့် တော်လှန်ရေး ခြေလှမ်းတိုင်းမှာ နောက်ကျကျန်မနေဘဲ လိုက်ပါနေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။