မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ကစလို့ ပွင့်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲရှိခဲ့ပြီး စစ်အုပ်စုက မဒဲကျေးရွာကို လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သားတွေထိခိုက်သေဆုံးခဲ့သလို နေအိမ် ၂၀၀ ဝန်းကျင်လည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁ရက်၊ အဲဒီနေ့ မနက်အစောပိုင်းမှာ စစ်အုပ်စုတွေရှိတဲ့ ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်အုပ်စု ဘန်ကာ၃လုံး ပြိုကာ ၅ယောက်သေဆုံး၊ ၁ယောက် ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၃ရက်နေ့မှာတော့ စစ်ဘေးတိမ်းရှောင်နေရတဲ့ မဒဲ၊ အင်းကုန်း၊ မဲဇလီရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းပြီး အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်တို့ကို ခိုးယူသွားတယ်လို့ စစ်ရေးသတင်းရင်း​မြစ်က ပြောပါတယ်။

“၃ရက်နေ့ကစပြီး မဲဇလီကျေးရွာထဲ အိမ်တွေကို ဝင်တယ်။ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးတယ်။ ကြက်၊ ဝက်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်စားပါတယ်။ ကျောင်းကုန်းနဲ့ ရွာခိုင်ရွာက ပျူစောထီးပါတယ်ကြားတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်ကမောင်းကိုပြောပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်အုပ်စုတွေက မဲဇလီကျေးရွာ ဘုရားဝန်း၊ နာရေးကူညီမှုရုံး၊ ဆေးရုံနဲ့ မဲဇလီရဲစခန်းတို့မှာ အင်အား ၂၀၀ဝန်းကျင်နဲ့ တပ်စွဲထားတယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာ့အခြေအနေအရပ်ရပ်က နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီးမရှိတာကို စိတ်ဓာတ်မကျဘဲ မိမိခွန်အားဖြင့် အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်ကြောင်း NUG ဝန်ကြီးချုပ် ပြော

ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အောင်ပန်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူများအတွက် ၄ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စစ်အာဏာရှင်တွေကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့သူတွေနဲ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေအတွက် (၄)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3.-9702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။