ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၄) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၅၈၄ တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သား ၃ ယောက်ဟာ လက်နက်တွေ ယူဆောင် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းအဖြစ် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စေခိုင်းခံခဲ့ရသူတွေဖြစ်ကာ လက်နက်ချ အလင်းဝင်ချိန်မှာတော့ MA-4 တွဲပစ် လောင်ချာ (၁) လက်၊ MA-1 (၂) လက်၊ ကျည် (၇၅) တောင့်နဲ့ ကျည်ဘောက် (၃) ဘောက်တို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ကို KNU ရဲ့ ကျောက်ကြီးမြို့ တာဝန်ရှိသူတွေနဲ့ တပ်ရင်း (၉) တာဝန်ရှိသူတွေ ပူးပေါင်းပြီး တစ်ယောက်ကို မြန်မာငွေ ကျပ် (၁၀) သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မိမိ ဆန္ဒသဘောထားမပါဝင်ဘဲ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းလမ်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာ…

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

နတ်အိမ်တောင် နယ်စပ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ် တပ်ခွဲမှူးတစ်ဦးအပါ ၄ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ

မြိတ်-ထားဝယ်ခရိုင်၊ လေဒိုစိုးမြို့နယ် နတ်အိမ်တောင် နယ်စပ်စစ်စခန်းကို စစ်ကူလာတဲ့ စစ်အုပ်စု နဲ့ KNLA (ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်တို့ ၂ ရက်တိုင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ် - ထားဝယ်ခရိုင်အတွင်းရေးမှူးဆီက သိရပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

ကေတုမတီ လေတပ်ဝန်းအတွင်း ဆီလှောင်ကန်များရှိရာကို ရှော့တိုက်ဒုံး ၆ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးစလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုထိခိုက်မှုတွေရှိနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ၉ရက် မနေ့ညပိုင်းမှာ တောင်ငူ ကေတုမတီလေတပ်ဝန်းထဲမှာရှိတဲ့ ဆီလှောင်ကန်တွေရှိရာကို BWM နဲ့ မဟာမိတ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။