စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဆီ စစ်သားအင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ သံပြားကာ ၄ စီးယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 people’s defense force အဖွဲ့ထံက သိရပါတယ်။

ချောင်းဦး-မုံရွာလမ်းပိုင်းတစ်နေရာမှာ အထူးပြုလုပ်ထားတဲ့ ပဒေသာ ၇ လုံးတွဲ မိုင်းပွိုင့်နဲ့ သံပြားကာယာဉ်တန်းရဲ့ ဒုတိယမြောက်ယာဉ်ခေါင်းပိုင်းကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းထိမှန်သွားတဲ့ ယာဉ်ဟာ ရပ်တန့်သွားပြီး လမ်းပိုင်းကင်းယူထားတဲ့ စစ်သားတွေက မိုင်းဆွဲရဲဘော်တွေကို လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် စစ်သားတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက် ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း Area 71 people’s defense force က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ရေထွက်ကြီးကျေးရွာကို စစ်ကော်မရှင်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

စစ်ကောင်စီတပ်သားများကို ZO ARMY ရဲဘော်များ တီထွင်ထားသည့် အဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ အရာရှိအပါ စစ်သား ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ZO ARMY ရဲဘော်တွေ တီထွင်ထားတဲ့ အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ Zo Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားများ၏ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ YARMA BRIGADE အပတ်စဉ်-၂ သင်တန်းသားတွေရဲ့ အခြေခံစစ်ပညာ လေ့ကျင့်ရေးပုံရိပ်တွေကို သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ တပ်ခွဲ-၅ (YARMA BRIGADE) က ထုတ်ပြန်လိုက်ပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။