စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထောက်ပို့ပစ္စည်းတွေ ပို့ဆောင်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ်တန်းကို ဖေဖော်ဝါရီ ၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပြန်လာတဲ့ စစ်တပ်ရဲ့ သံပြားကာယာဉ် ၄ စီးကို ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ ပဒေသာမိုင်း ၇ လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ်က အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲနဲ့အတူ Royal Tiger Force (ဆားလင်းကြီး)၊ Eleven People Defense Force၊  မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း ၊ တပ်ခွဲ -၃၊  Nway Oo Brothers Column (နွေဦးညီအကိုများစစ်ကြောင်း) နဲ့  Nga Moe Yeik Column (ငမိုးရိပ်စစ်ကြောင်း)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မတပ်ပေါင်းစု KMDF စခန်း မီးရှို့ဖျက်ဆီးခံရပြီး သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကား ၁ စီး (ရုပ်/သံ)

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် ရေတပ်ရင်းမှ အကြမ်းဖက်စစ်တပ် ကား ၁ စီးဟာ စက်တင်ဘာ ၂၇ ရက်က ကရသူရိမှ အပြန် တော်လှန်ရေးတပ်တွေ စောင့်ကြိုမိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပကဖထံက သိရပါတယ်။
Read More

Myingyan Black Tiger(MBT) မှ ဖလမ်းမြို့သိမ်းတိုက်ပွဲမှတ်တမ်းရုပ်သံ ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်သိမ်းပိုက် ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Myingyan Black Tiger(MBT) မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာကို စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့ စစ်က မီးရှို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။