ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma က ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံပြီး ခက်ခဲဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ဖေးမကူညီဖို့ ခိုင်မာတဲ့လမ်းစဉ်နဲ့ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းမှာ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ မိနစ်၂၀ ကြာ တွေ့ဆုံခဲ့ရာမှာ အခုလိုပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji က ခက်ခဲဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို ဖေးမကူညီမယ်ဆိုတဲ့ ခိုင်မာတဲ့ လမ်းစဉ်အောက်မှာ ဆက်ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုကူညီပေးတာနဲ့အတူ နောက်နောင်မှာလည်း သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပြီး အခြေအနေ တိုးတက်ပြောင်းလဲလာဖို့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Ministry of Foreign Affairs of Japan)

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီးနောက် ၄ နှစ်တာ ကာလအလွန် အခြေအနေတွေနဲ့ ပတ်သက်လို့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည် ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိဖို့အတွက် ဂျပန်အစိုးရအနေနဲ့ တိတိကျကျ ထိထိရောက်ရောက် ရှိတဲ့ နိုင်ငံရေးပေါ်လစီကို လုပ်ဆောင်ပေးဖို့တောင်းဆိုထားတဲ့ “ တောင်းဆိုစာ” ကို လက်ခံရရှိခဲ့တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma က အာဏာသိမ်းမှု ၄ နှစ်တာကျော်လွန်ခဲ့တဲ့ ဒီနေ့ထိတိုင် မြန်မာ့အရေး တိုးတက်ပြောင်းလဲလာတာ လုံးဝမမြင်ရတဲ့အပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

(ဓာတ်ပုံ Ministry of Foreign Affairs of Japan)

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Iwaya ကလည်း အာဏာသိမ်းမှု ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့၊ မြန်မာပြည် ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိဖို့အတွက် မြန်မာစစ်တပ်အပေါ် ထပ်မံတောင်းဆို တိုက်တွန်းခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို လက်မခံဖို့ အပါအဝင် အချက် ၅ချက်ကို ကိုရီးယားလွှတ်တော်တွင် NUG တောင်းဆို

မြန်မာပြည်သူတွေဟာ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ထားကြပြီးဖြစ်တာကြောင့် အဆိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အပါအဝင် အချက် ၅ ချက်ကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ကိုရီးယားလွှတ်တော်မှာ မနေ့က ‌တောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို ဂျပန်အစိုးရ သံသယရှိ

၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။
Read More

ထိုင်ဝမ်အရေး တရုတ်ဘက်က ထောက်ခံရပ်တည်မယ်လို့ အကြမ်းဖက်စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်း ဆို

"ဂျပန်ဝန်ကြီးချုပ်သစ်ရဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပြောကြားချက်များကို ကျွန်တော်တို့ နိုင်ငံတကာမီဒီယာတွေမှာ တွေ့လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားကတော့ မြန်မာနိုင်ငံ အစိုးရသည် တရုတ်နိုင်ငံရဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိပါတယ်” လို့ ဇော်မင်းထွန်းက ဆိုလိုက်တာပါ။
Read More

ဂျပန် ဆေးဘက်ဆိုင်ရာနည်ပညာအဖွဲ့ မြန်မာပြည်ကိုရောက်ရှိလာ

ငလျင်ဒဏ်သင့် ဒေသတွေမှာ ဆေးဝါးကုသပေးဖို့ ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ့ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ JICA Myanmar ကထုတ်ပြန်ပါတယ်.။
Read More

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေ

ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်တပ်တွေဟာ ဇူလိုင်လ ၂၄ ရက်မနက်ပိုင်းမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးတွေပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မဲဆောက်မှာ ဟိုတယ်၊ မိုတယ်နဲ့ လူနေတန်းလျား ၁၃၁ နေရာကို ထိုင်းအာဏာပိုင်တွေ စီမံချက်နဲ့ ဝင်ရောက်စစ်ဆေး

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ် အပါအဝင် လူနေအိမ်တန်းလျားပေါင်း ၁၃၁ နေရာကို ထိုင်း လဝက အပါအဝင် ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။