လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ဟာ အဓိက ရည်မှန်းချက်ဖြစ်တာကြောင့် လက်နက်ကိုင် တော်လှန်နေသူတွေအားလုံး အချင်းချင်းကူညီကြဖို့ကို KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက  တိုက်တွန်းပြောကြားလိုက်ပါတယ်။

လတ်တလော ဖြစ်ပွါးနေတဲ့ KIA နဲ့ TNLA တို့ရဲ့ နယ်မြေအငြင်းပွားမှု ကိစ္စရပ်တချို့ကို ရည်ညွှန်းကာ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မှာ  ကျရောက်တဲ့ ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ရုပ်သံမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးက ထည့်သွင်းပြောကြားလိုက်တာပါ။

တဆက်တည်းမှာပဲ  နိုင်ငံရေးပါတီတွေထဲမှာ ပြည်သူ့ဘက်ရပ်တည်တဲ့ ပါတီတွေရှိသလို စစ်ကောင်စီထောက်တိုင် ပါတီတွေလည်းရှိနေတာကြောင့် စစ်အာဏာရှင်စနစ်နဲ့အတူ ကျဆုံးသွားခြင်းမျိုး မဖြစ်စေဖို့ နိုင်ငံရေးပါတီတွေကို ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီဟာ သူ့လက်ထဲမှာရှိနေတဲ့ အာဏာကို တလွဲအသုံးချနေတယ်လို့လည်း ဆိုပါတယ်။

“မြန်မာပြည်က အာဏာကိုစွဲကိုင်ထားတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကိုလည်း သတင်းပါးချင်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းမှုကို စစ်မြေပြင်မှာပဲ ရှာဖွေနေတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီအစား ကိုယ်ကိုင်ထားတဲ့အာဏာကို တိုင်းပြည် ငြိမ်းချမ်းသာယာဖို့အတွက် အကျိုးပြုအသုံးပြုသွားဖို့ ပြောချင်ပါတယ်”

တော်လှန်ရေးကာလအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ လက်ရှိအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့နဲ့ တပ်စခန်းပေါင်း ၃၀၀ ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မူဆယ်မှာ စစ်ကောင်စီတပ် လက်ကျန် မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းမှ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပန အခမ်းအနား (ဓာတ်ပုံသတင်း)

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံး…

“တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။ ဖြစ်နေတာက ပလမြို့မှာ ခင်ဗျ။ ဒရုန်းကျချိန်နဲ့ လက်နက်ကြီး ကျချိန် သိပ်မကွာဘူး။ ဒီတိုင်းသက်သက်ကြီး အရပ်သားနေအိမ်တွေကို လာတိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဒဏ်ရာရတဲ့လူတွေကို ကယ်မယ်ဆိုတာ သေချာပေါက်သိလို့ တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ထပ်ပစ်တာ သိပ်အောက်တန်းကျတဲ့ လုပ်ရပ်ပါပဲဗျ” လို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

မြို့ပြတော်လှန်ရေးတပ်ဦး(URF) မှ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်ခံစားခဲ့ရသည့် ရဲဘော်များအတွက် စိတ်ခွန်အားကူညီစောင့်ရှောက်မှုသင်တန်း ပြုလုပ်

မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front - URF) ရဲ့ စခန်းတစ်နေရာမှာ စိတ်ပိုင်းဆိုင်ရာကူညီစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ (၂) ရက်တာ သင်တန်းကို စက်တင်ဘာလနောက်ဆုံးအပတ်အတွင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ရောက်ရှိနေသည့် ပဲခူးတိုင်းအတွင်း တိုက်ပွဲပြင်းထန်နေ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲဆွယ်ဖို့ ရောက်ရှိနေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။