ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) အနေနဲ့ စတင်ဖွဲ့စည်းပြီး တစ်နှစ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ ၃ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၇ ယောက်သေပြီး ရန်ကုန်တိုင်း ပကဖ (၁) က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) စတင်ဖွဲ့စည်းတဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကနေ ဒီနေ့ ၂၀၂၅ ဖေဖော်ဝါရီ ၅ ရက်အထိ ၁နှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် ERO နယ်မြေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ERO ၊ မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပူးတွဲပြီး ထိတွေ့တိုက်ပွဲ စုစုပေါင်း (၃) ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်သား စုစုပေါင်း ( ၇ ) ယောက် သေဆုံးကာ (၉) ယောက်နဲ့အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) က ရဲဘော်(၃) ယောက် ကျဆုံးကာ M 16 တစ်လက်၊ M4 တစ်လက်၊ MA1 တစ်လက်၊ AK တစ်လက် စုစုပေါင်း သေနတ်(၄)လက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ ကျေးနယ်ကာကွယ်ရေးအဖွဲ့တို့ ၁၀ မိနစ်ကျော် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ယောက် သေဆုံးပြီး အရာရှိတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်မှာလည်း KNUထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီး ကျောက်တန်းလေးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ ကျေးနယ်ကာကွယ်ရေးအဖွဲ့တို့ကြား ၄၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုများစွာရှိခဲ့ပြီး ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က ရဲဘော် လရောင်၊ ရဲဘော် သာဒင်၊ ရဲဘော် မီးတောက်တို့ (၃) ယောက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂ ရက်မှာလည်း KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပိန္နဲကုန်းကျေးရွာအနီး စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ ကျေးနယ်ကာကွယ်ရေးအဖွဲ့တော်လှန်ရေးအင်အားစုတို့ကြား ၁ နာရီကျော် ထိတွေ့တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီ တပ်သား (၄) ယောက် သေဆုံးပြီး (၈) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ (၁) က ဆိုပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)အနေနဲ့ မဟာမိတ် တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ပူးတွဲပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ဖြတ် အဆုံးသတ်ဖို့ စွမ်းစွမ်းတမံ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ရေစကြိုမြို့ပေါ်ရှိ စစ်အုပ်စုများ ပြောက်ကျားတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကိုပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

လှော်ကားနယ်မြေရဲစခန်းထဲ ဝိုင်းဖွဲ့အရက်သောက်နေချိန် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို နိုဝင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေ​ကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်စွန့်ခွါရတော့မယ်ဆိုရင် ဘာတွေလုပ်သင့်လဲ

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကြုံလာရရင် အရေးပေါ်လုပ်ဆောင်ရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ဆရာဆရာမတချို့ PDF ထောက်ပံ့တယ်ဆိုပြီး စစ်တပ် ဖမ်းဆီး

ဧရာဝတီတိုင်း ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာဆရာမတချို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။