ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ (၄) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၅၈၄ တပ်ရင်းက ဒုတပ်ကြပ်နဲ့ တပ်သား ၃ ယောက်ဟာ လက်နက်တွေ ယူဆောင် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ပေါ်တာဆွဲခံခဲ့ရပြီး စစ်မှုထမ်းအဖြစ် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စေခိုင်းခံခဲ့ရသူတွေဖြစ်ကာ လက်နက်ချ အလင်းဝင်ချိန်မှာတော့ MA-4 တွဲပစ် လောင်ချာ (၁) လက်၊ MA-1 (၂) လက်၊ ကျည် (၇၅) တောင့်နဲ့ ကျည်ဘောက် (၃) ဘောက်တို့ကို ယူဆောင်လာခဲ့တယ်လို့ KNU က ဆိုပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ကို KNU ရဲ့ ကျောက်ကြီးမြို့ တာဝန်ရှိသူတွေနဲ့ တပ်ရင်း (၉) တာဝန်ရှိသူတွေ ပူးပေါင်းပြီး တစ်ယောက်ကို မြန်မာငွေ ကျပ် (၁၀) သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မိမိ ဆန္ဒသဘောထားမပါဝင်ဘဲ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ စစ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရရာနည်းလမ်းနဲ့ လက်နက်ချ အလင်းဝင်ဖို့ KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တင်းမာမှုတွေကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းရေး ဆွေးနွေးမှုရှိလာ…

ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ (CB) တွေနဲ့ CNF/CNA ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ (CC) တပ်ဖွဲ့တို့ဟာ စစ်ကောင်စီတပ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ကြပေမယ့် အချင်းချင်းကြားထဲမှာ နယ်မြေအငြင်းပွားမှု အပါအဝင် အခြားသောနိုင်ငံရေးပြဿနာတွေကြောင့် အခြေအနေတွေ တင်းမာနေခဲ့တာဟာ အချိန်တော်အတန်ကြာခဲ့ပါပြီ။
Read More

တီးတိန်မြို့အဝင်ရှိ စစ်ကော်မရှင်တပ်စွဲထားသည့် နေရာကို ချင်းညီနောင် တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း များစွာနှင့် စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင် ဆိုင်းဘုတ်နားမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ နေရာကို ချင်းညီနောင်တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။
Read More

စစ်ကြောင်းထိုး လက်နက်ကြီးပစ် လူသတ်နေတဲ့ စစ်အုပ်စုနဲ့ PDF တွေ စလင်းမှာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က အထိအခိုက်များပြီး ဆေးရုံပို့ထားရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​​ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောက်စီဘက်က အထိအခိုက်များခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။