စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ သံပြားကာစစ်ယာဉ်  ၅ စီးကို မိုင်းကွင်းထဲအရောက် တတိယသံပြားကာယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စက်ချို့ယွင်းပြီး ထိုးရပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်တန်းပေါ်က စစ်သားတွေဆင်းလာပြီး ခရီးသွားယာဉ်တွေကို တားဆီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ငွေကမ္ဘာမင်း ဆီဆိုင်အနီး ခရီးသွားယာဉ်တွေကို အကာအကွယ်ယူကာ ကားလမ်းမကြီးအတိုင်း ခြေလျင်စစ်ကြောင်းထိုးခဲ့ပါတယ်။ အဲဒီစစ်သားတွေ သန်လွင်မြန်မာ စက်သုံးဆီဆိုင်ဟောင်းအတွင်း ဝင်ရောက်တပ်စွဲနေချိန် ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၅  ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီ‌နောက် မုံရွာ-ပခုက္ကူ-မန္တလေးလမ်းဆုံအနီး စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးကို မုံရွာခရိုင် ပကဖ ဒရုန်း လက်ရုံးတပ်၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်း၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ -၃၊ ငမိုးရိပ်စစ်ကြောင်း (Nga Moe Yeik column)၊ နွေဦးညီအကိုများ စစ်ကြောင်း (Nway Oo Brothers column)၊ Eleven People Defense Force နဲ့ Royal Tiger Force (ဆားလင်းကြီး)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးရိုးမ Pdf – ဗျူဟာ ၂၂ ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပ (ရုပ်/သံ)

ပဲခူးရိုးမ Pdf - ဗျူဟာ ၂၂ ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁) ကျင်းပပြုလုပ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဇန်နဝါရီ ၄ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားအစိုးရ၏ ထောက်ပံ့မှုတွေ ရပ်တန့်ဖို့ လန်ဒန်မြို့ ရုရှားသံရုံးရှေ့ တော်လှန်ရေးအင်အားစုများ ဆန္ဒပြ (ရုပ်သံ)

လန်ဒန်မြို့ ရုရှားသံရုံးရှေ့မှာ မတ်လ ၁၉ ရက် မနေ့က  ယူ‌ကေရောက် တော်လှန်ရေးအင်အားစုတွေက ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

လမ်းပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ပစ်ခတ်တိုက်ခိုက်ခံရလို့ ဆိုင်ကယ်တွေနဲ့ထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ချောင်း သရက်ပင်အိုင်တံတား ဗျူဟာလမ်းပေါ်မှာ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက လမ်းသွားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ အကြမ်း ဖက်စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ် သံပြားကာယာဉ် ၂ စီးကို ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၂ စီးကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KM ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။