မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။

ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းက အင်အား (၁၃) ယောက်ဝန်းကျင် တပ်စွဲအထိုင်ချထားတဲ့ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်နာရီခွဲခန့်ကြာတဲ့ တိုက်ခိုက်မှုအတွင်း စစ်ဆေးရေးဂိတ်က ဘန်ကာ (၃) လုံး ပြိုတဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာတာကြောင့် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ Paramotor(အင်ဂျင်တပ်လေထီး) တွေနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ရာမှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ယောက် သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Yenanthar Column ၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ်၊ မင်းဘူးခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးအဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကလည်း မဲဇလီ-ဆည်တော် တံတားဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၂) ယောက် သေဆုံးပြီး လက်နက်ငယ် (၁) လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်‌ဒေသက ဧရာ၀တီအတွက် တိုင်းစစ်ဌာနတစ်ခုကို စတင်ဖွဲ့စည်း

တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် (ACDF) (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) အနေနဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကျရောက်တဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ စိုးမိုးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရေဘေးဒဏ်ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို တကသများ-ရန်ကုန်က စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လှူဒါန်း

၂ နှစ်ကြာ စစ်ရှောင်နေရတဲ့ ပြည်သူတွေဟာ မုန်တိုင်းရဲ နောက်ဆက်တွဲ ရေကြီးရေလျှံမှုကိုပါ တစ်ပါတည်းခံစားနေရပြီး ကျန်းမာရေးကုသဖို့ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေမှာ ရှိနေတာကြောင့် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအချို့ကို ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်နှင့် တရုတ် AI အသုံးချရေး နက်ရှိုင်းစွာ လုပ်ဆောင်မည်ဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။