မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၂၅၂) မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။

ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ (၁၀၁) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခလရ (၂၅၂)က အဲဒီရဲဘော်ဟာ ဇန်နဝါရီ ၃၀ ရက်ညပိုင်းမှာ တပ်ထဲကနေ လက်နက် ၂ လက်နဲ့ ထွက်ပြေးလာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှာ Burma Revolution Rangers တပ်ဖွဲ့ဆီ လက်နက်ခဲယမ်း‌တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ဘက်ပြောင်းခိုလှုံအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ MA1 တစ်လက်၊ MA2 တစ်လက်၊ ကျည်အိမ် ၃ ခု၊ ၅.၅၆ ကျည် အတောင့် ၁၂၀ တို့ကို ယူလာခဲ့တာကြောင့် ငွေကျပ် သိန်း ၁၀၀ နဲ့ Redmi Note 13 Pro ဖုန်းတစ်လုံး ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်‌ကောင်စီ လက်အောက်ခံတွေအနေနဲ့ အမြင်မှန်ရပြီး နီးစပ်ရာ  တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်ဖို့ကိုလည်း Burma Revolution Rangers တပ်ဖွဲ့က ဖိတ်ခေါ်တိုက်တွန်း ထားပါတယ်။

0 Shares:
You May Also Like
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များအပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ တိုးလာဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေအပြီးမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အကြမ်းဖက်မှုတွေ တိုးပြီး ကျူးလွန်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အင်းလေး‌ဒေသမှာ ငလျင် ဘေးဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်က အင်းလေးတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်း၊လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသမှာ ငလျင် ဘေးသင့်ဒဏ်ခံနေရချိန် အကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်တို့က အင်းလေးတောင်ခြမ်းရှိ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးလူ့အခွင့်အရေးက ထုတ်ပြန်ထားပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။