ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းမှာ TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ဖမ်းဆီးမိတဲ့ စစ်‌ကောင်စီတပ်သားတွေထဲမှာ DPLAတပ်ဖွဲ့ဝင်ရဲဘော်တစ်ယောက်ရဲ့ အစ်ကိုဖြစ်သူကို ပြန်လည်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

”လျှောက်တဲ့လမ်းချင်းမတူပေမယ့် စစ်မြေပြင် တစ်နေရာမှာ အကိုဖြစ်သူကိုအသက်ရှင်လျက် ပြန်တွေ့လိုက်ရတဲ့အခါ ညီဖြစ်သူ DPLAမှရဲဘော်တစ်ဦးရဲ့ ရင်တွင်းစကားသံလေး”Danu People’s Liberation Front မှ ယနေ့ရုပ်သံဖိုင်နဲ့ ဖော်ပြခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမြို့နယ်အတွင်း ကင်းပုန်ဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ သေနတ် ၃ လက် ရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ T.G.R တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်မြို့နယ် ယောချောင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ (ရုပ်သံ)

မကွေးတိုင်း ပေါက်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအလောင်း ၃ လောင်းနဲ့ လက်နက်ခဲ ယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Young Revolution Frontမှ မနေ့က သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ပေါက်တောင်ပိုင်း သီးခြောက်ရွာမှ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ထိုးလာတဲ့ အကြမ်းက်စစ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ယောချောင်းတစ်နေရာမှာ ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၉ ယောက်သေ၊ ၂၀ ကျော်ဒဏ်ရာရရှိပြီး ၉ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ Myingyan Black Tiger - MBT တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

လေးကေကော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားအများအပြားသေဆုံး (ရုပ်/သံ)

ကရင်ပြည်နယ် လေးကေကော်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ Black Panther Column မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်သူ့စစ်မှုထမ်းများအား သံပြားအပါးများကို ကျည်ကာအဖြစ် တပ်ဆင်ပေးနေ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေ အတွက်သံပြားအပါးတွေကို ကျည်ကာပြားအဖြစ် တပ်ဆင်ပေးထားတယ်လို့ Southern Eagle PDF က အသိပေးထားပါတယ်။