မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ စတင်တိုက်ခိုက်ချိန်က စပြီး ၁လတိတိအကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိတဲ့ မဲပလီဗျူဟာကုန်းစခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“KNLA ဦးဆောင်တဲ့ ကျနော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ မဲပလီဗျူဟာစခန်းကို တစ်လတိတိမှာ အလုံးစုံသိမ်းပိုက်ရရှိပါတယ်” လို့ အမှတ် (၂၇) စစ်ဗျူဟာနှင့် တပ်မဟာ (၁) PDFတာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့

အဆိုပါ စခန်းသိမ်း တိုက်ပွဲမှာ ၁၂၀ မမ တာဝေးပစ် ဟောက်ဝေဇာတစ်လက်အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စကခ (၈) ရဲ့ စစ်ဦးစီး (တတိယတန်း) G3 ဗိုလ်ကြီးသော်တာ အပါအဝင် စစ်သုံ့ပန်း (၂၇) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“စစ်သုံ့ပန်းတွေကို လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်၊ ဒဏ်ရာရတဲ့ စစ်သုံ့ပန်းအချို့ကိုလည်း ဆေးကုသမှုတွေ ဆောင်ရွက်ပေးပါတယ်” လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေစဉ် မဲပလီဗျူဟာထဲမှာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး တင့်လွင်ဦးနဲ့ ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အပါအဝင် စုစုပေါင်းအင်အား (၁၀၀) နီးပါးရှိနေပြီး တိုက်ပွဲအတွင်း ခမရ (၄၀၅) က ဒုရင်းမှူး ဗိုလ်မှူးခန့်နိုင်နဲ့ ဗိုလ်ကြီးဇော်မင်း အပါအဝင် (၄၀) နီးပါး သေဆုံးခဲ့တယ်လို့ သူကဆိုပါတယ်။

ကိုအေးမင်းထွန်းကပဲ ဆက်လက်ပြီး “အခုတော့ စခန်းက ရှင်းလင်းပြီးပါပြီ၊ သူတို့ဘက်က ပြန်ပြီး စစ်ကြောင်းထိုးလာတာတွေ မရှိသေးပါဘူး၊ လေယာဉ်တွေနဲ့ပဲ ဗုံးကြဲတာရှိပါတယ်၊ ထိခိုက်သေဆုံးတွေတော့ မရှိသေးပါဘူး” လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသည့် သုံ့ပန်းများ
ဖမ်းဆီးရမိသည့် သုံ့ပန်းများ

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲကြောင့် မဲပလီကျေးရွာအပါအဝင် ဘေးပတ်လည် ကျေးရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ခန့် ဘေးလွတ်ရာကို စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂၇ စစ်ဗျူဟာ၊ တပ်ရင်းတွေထဲက သူရိယစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်းတပ်ဖွဲ့ဝင်တွေ အပါအဝင် KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တုန်းက ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး၊ ဗိုလ်ကြီးကမ်းဒိုးဟောက်၊ ဒုတပ်ကြပ်နေမျိုးနဲ့ တပ်သားသန်းစိုးအောင်တို့ဟာ အရက်သေစာသောက်စား မူးယစ်ရမ်းကားပြီး အမျိုးသမီးတစ်ယောက် အပါအဝင် မဲပလီရွာသား (၈) ယောက်ကို အကြောင်းမဲ့ အပြင်းအထန်ရိုက်နှက်ပြီး မဲပလီဗျူဟာထဲ ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးရဲ့  ရိုက်နှက်မှုကြောင့် မဲပလီရွာသား ကိုစိန်ဝင်း သေဆုံးသွားခဲ့ပါတယ်။ ကျန်ရှိနေတဲ့ ဒဏ်ရာရ ရွာသား (၇)ယောက်ထဲက ဒဏ်ရာပြင်းထန်သူ (၃) ယောက်ကို အောက်တိုဘာ ၁၅ ရက်မှာ သထုံဆေးရုံ ပို့ဆောင်ဖို့အတွက် ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးက မဲပလီရွာခံ အမျိုးသမီး (၂)ယောက်ကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အနိုင်ကျင့်စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

အခု စခန်းသိမ်းတိုက်ပွဲမှာ အထက်ဖော်ပြပါအတိုင်း ပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ ဒုဗိုလ်မှူးကြီး စိုင်းသူရဌေးဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မဲပလီဗျူဟာစခန်းဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ-၁ သထုံခရိုင်အတွင်းမှာ စစ်တပ်က ဆယ်စုနှစ် တစ်ခုနီးပါးအကြာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ စစ်ရေးအရ အချက်အချာကျပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေဆီ လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မဲပလီစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးငယ်နဲ့ ခဲယမ်းများစွာ ရရှိခဲ့တဲ့အပြင် ၁၂၀မမ တာဝေးပစ် ဟောင်ဝစ်ဇာ လက်နက်ကြီးကိုလည်း အကောင်းအတိုင်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်အနေနှင့် ဖိအားပေးနိုင်သော်လည်း မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နိုင်မည် မဟုတ်၊ နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အတူတကွ ဆုပ်ကိုင်ထားခြင်းဖြင့် ပြည်ပဝင်ရောက်စွက်ဖက်မှုကို ခံနိုင်ရည်ရှိမှာဖြစ်တယ်

တရုတ်ရဲ့ သိသာထင်ရှားလွန်းတဲ့ ဖိအားတွေကြောင့် လားရှိုးမြို့ကနေပြီး MNDAA တပ်ဖွဲ့တွေ အဓမ္မဆုတ်ခွာလိုက်ရတာဟာ တော်လှန်ရေးအတွက် ဆုတ်ယုတ်မှုတခုဖြစ်ပြီး စိတ်ပျက်စရာကောင်းတာကတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒါကို အချိုးအကွေ့တခုအဖြစ် မြင်ဖို့မသင့်ပါဘူး။
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

ကမ္ဘာ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံအဖြစ် မြန်မာရပ်တည်ဆဲ

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲပဲလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး (UNODC) က ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
Read More

မြန်မာစစ်တပ််က ကျူးလွန်သော ဝမ်းနည်းဖွယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှု သတင်းတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းပေမဲ့လည်း အထူးတဆန်းတော့ မဟုတ်နေတော့ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အနေနဲ့ ဒီအတွက် သင့်လျော်မယ့် အရေးယူတုံ့ပြန်မှုတွေ လုံးဝ မချမှတ်နိုင်သေးချိန်မှာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်မဲ့ရုပ်အလောင်းတွေ တောင်လိုပုံလာနေပါတယ်။
Read More

စစ်ဒဏ်သင့် မြန်မာပြည်တွင် စစ်တပ် ဟန်ပြရွေးကောက်ပွဲကျင်းပ

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်ကစလို့ စစ်တပ်က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
Read More

ထိုင်းက ပြန်ပို့လိုက်တဲ့ ‘စစ်ကောင်စီငရဲခန်းမှသည် ဒေါနတောင်ပေါ်ဆီ’

ဘေးပတ်၀န်းကျင်တစ်ခုလုံး အမှောင်တိ ဖုံးလွှမ်းနေပြီး ဆောင်းညလယ်ကြီးမှာ အသက် (၂၆) နှစ်အရွယ် လူငယ်အမျိုးသားနှစ်ယောက်ဟာ ချမ်းအေးလှတဲ့ ဆောင်းတွင်းကို မေ့သွားရလောက်အောင် ဇောချွေးတွေ ပြန်နေပါတယ်။