စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လလောက်က ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် အထိုင်စခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတစ်ယောက်ဟာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေဆီက G3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၄ ဘောက်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၁၀၀ တို့ကို ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။

အဲဒီလို ထွက်ပြေးလွတ်မြောက်လာပြီးနောက် အဲ့ဒီအရပ်သားဟာ လက်နက်ခဲယမ်းတွေကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHU PDF တပ်ဖွဲ့ဆီ လာရောက်အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ ယူဆောင်ကာ လာရောက်အပ်နှံပေးခဲ့သူကို CHU PDF က ဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်ပြီး စိုးမိုးထိန်းချုပ်နယ်မြေအတွင်း အေးချမ်းလုံခြုံစွာနေထိုင်နိုင်အောင် ကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မော်လမြိုင်ကျွန်းမြို့ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အာဂတိလိုက်စားလို့ဆိုပြီး နယ်ပြောင်းရွှေ့ခံရ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အကြမ်းဖက်စစ်တပ်လက်အောက်ခံ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သီဟဇော်ကို အာဂတိလိုက်စားမှုနဲ့ ပုသိမ်တိုင်းရုံးမှာ ခေါ်စစ်ဆေးရာကနေ နိုဝင်ဘာ ၂ ရက်​မှာ မုံရွာမြို့ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

NLD အစိုးရလက်ထက်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်းကို အတုအယောင် ရွေးကောက်ပွဲအတွက် စစ်တပ် ပြန်လည်ထုတ်လွှင့်နေ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က အဆိုတော် လေးဖြူ သီဆိုခဲ့တဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို အကြမ်းဖက် စစ်ကော်မရှင်က သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြန်လည် ထုတ်လွှင့်နေပါတယ်။
Read More

CDF – KKG တည်ထောင်ခြင်း (၄) နှစ် ပြည့်အခမ်းအနားနှင့် CDF-KKG Major Operation အတွင်း စစ်ကောင်စီစခန်း ၅ ခုသိမ်းပိုက်ရရှိခဲ့မှုအတွက် ကျေးဇူးတော် ချီးမွမ်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force , Kalay - Kabaw - Gangaw ( CDF - KKG ) တည်ထောင်ခြင်း ( ၄ ) နှစ် ပြည့်အခမ်းအနားနဲ့ CDF-KKG Major Operation အတွင်းစစ်ကောင်စီစခန်း ၅ ခုသိမ်းပိုက်ရရှိခဲ့မှု အတွက် ကျေးဇူးတော် ချီးမွမ်းပွဲကို CDF-KKG Battalion (3) မှာ ဇူလိုင် ၅ ရက် မနေ့က မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More

မိုးဗြဲကို သာလွန်အင်အားဖြင့် ပြန်လည်ထိုးစစ်ဆင်သည့် စစ်ကောင်စီ အထိနာနေ

ကရင်နီဒေသက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မိုးဗြဲဒေသကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ အလုပ်သမားထုကို ဖိနှိပ်နေသည့် စစ်ကောင်စီကို ILO ညီလာခံမှာ အရေးယူရေး ဆန္ဒပြ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့အနှံ့မှာ မြေပြင်သပိတ်အင်အားစုတွေက “ILO  A 33  MYANMAR  2025” စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်နေမှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ - ILO ညီလာခံမှာ အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။