စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ပြုလုပ်တဲ့  “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” (Press Briefing) အစီအစဉ်မှာ ဦးကျော်ဇောက စစ်ကောင်စီရဲ့ နိုင်ငံတစ်ဝန်း မတရားစစ်မှုထမ်းဖို့ စုဆောင်းတဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာပါ။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေမှာ အပတ်စဉ်တစ်ခုကို လူဦးရေ ၅၀၀၀ လောက် စုဆောင်းမယ်လို့ ကနဦး ပြောကြားထားပြီး လက်ရှိမှာ အပတ်စဉ် (၉) အထိ ရောက်ရှိလာပြီဖြစ်ကာ လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို စုဆောင်းထားတယ်လို့ သိရပါတယ်။

စုဆောင်းထားသူတွေထဲက တချို့ဟာ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပို့ဆောင်ခံနေရသလို လတ်တလော စတင်မယ့် စစ်မှုထမ်း အပတ်စဉ်မှာ အမျိုးသမီးတွေကို စတင်စုဆောင်းမှုတွေလည်းပြုလုပ်လာနိုင်တယ်လို့ ဦးကျော်ဇောက အသိပေး ပြောဆိုပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ပွဲဖြစ်တဲ့အခါ မတရားစစ်မှုထမ်းဖို့ စုဆောင်းခံရသူလား၊ မူလကတည်းကရှိတဲ့ စစ်သားလားဆိုတာ ခွဲခြားဖို့ ခက်ခဲတာကြောင့် အခြေအနေအရပ်ရပ်ကို ကြည့်ပြီး ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့၊ အလံဖြုထောင် လက်နက်ချဖို့လည်း ဦးကျော်ဇောက တိုက်တွန်းထားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေဟာ အခုဆို တစ်နှစ် ပြည့်ခဲ့ပြီဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကိုလည်း စစ်ကောင်စီက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်တယ်ဆိုပြီး စစ်ကောင်စီက ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ခဲ့ပြီး အခုဆိုရင် အပတ်စဉ် ၉ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှ အရပ်သား (၁) ဦး ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းက အရပ်သား(၁)ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဖားကန့် −ဆိပ်မူ လမ်းတစ်နေရာတွင် ပိန်းဥတူးနေသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်−ဆိပ်မူသွား လမ်းတစ်နေရာမှာ ပိန်းဥတူးနေတဲ့ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်အုပ်စု ရှိနေသည့် အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၈ ယောက် သေဆုံးခဲ့ကြောင်း တောကျီးကန်း (၇) ကောင် တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။