စစ်အာဏာသိမ်းမှု  ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၁၆၀ ကျော်မှာ စစ်ကောင်စီက  လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀၀၀ ကျော်အထိရှိခဲ့တယ်လို့ Institute for Strategy and Policy- Myanmar ( ISP -Myanmar) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံး ဖြစ်ခဲ့ပြီး အကြိမ် ၁,၇၀၀ ထက်မနည်း ရှိခဲ့ပြီး  စစ်ကိုင်းတိုင်းမှာ အကြိမ် ၁,၃၀၀ ထက်မနည်း ရှိခဲ့ပြီး ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီဒေသက ဒုတိယအများဆုံးဖြစ်ခဲ့ပြီး ချင်းက လေကြောင်းတိုက်ခိုက်ခံရမှု စတုတ္ထ အများဆုံး အဖြစ် စံချိန်တင်ခဲ့တယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာတော့ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် ၇၃၀ ထက်မနည်းရှိခဲ့ပြီး မြို့နယ်တွေထဲမှာ တိုက်ခိုက်ခံရမှုအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးကို လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့တဲ့ နှစ်ကတော့ ၂၀၂၃ ခုနှစ်ကဖြစ်ပြီး တိုက်ခိုက်ခံရမှု စုစုပေါင်း ရဲ့ ထက်ဝက်ကျော်လောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ အကြိမ်ပေါင်း ၃၅၀၀ကျော်လောက်အထိ တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

(ဓာတ်ပုံ ISP Myanmar)

၁၀၂၇ စစ်ဆင်ရေးကြောင့် လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေများပြားလာတဲ့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ပိုမိုပြီး လေကြောင်းကနေ အားပြုတိုက်ခိုက်မှုတွေကို အရေအတွက် တိုးမြှင့်လုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။

အခုနှစ် ၂၀၂၅ ခုနှစ်ရဲ့ ဇန်နဝါရီလအထိ စာရင်းတွေအရ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြိမ် ၁၅၀ ကျော်သွားပြီလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အရပ်သားပစ်မှတ်တွေ အပါအဝင်  ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ထားပါတယ်။ 

စစ်အာဏာသိမ်းမှု (၄) နှစ်တာကာလအတွင်း စစ်ကောင်စီက ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်တယ် လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ဘက်အရပ်ဖက် မခွဲခြားဘဲ ဆိုးဆိုးရွားရွား တိုက်ခိုက်လျက်ရှိပြီး လူသားမျိုးနွယ်တစ်ခုလုံးကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း လေကြောင်းတိုက်ခိုက်မှုတွေ အပေါ် ပြင်းထန်စွာ ဝေဖန်ထားကြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ နိုင်ငံတကာ စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချမှုတွေကို ရပ်တန့်ပိတ်ဆို့ဖို့ နဲ့ လေယာဉ်နဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုကို ပိတ်ပင်ဖို့ မကြာခဏ တောင်းဆို တိုက်တွန်းပြောကြားမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုင်းဆွဲခံရကာ အထိနာထားသည့် စစ်တပ် ကျောက်ဆောက်ရွာကို ဝင်ရောက်မီးရှို့၊ အမျိုးသမီး ၁ ဦး မီးလောင်ကျွမ်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးတဲ့နောက် အထိနာသွားတဲ့ စစ်ကောင်စီက ကျောက်ဆောက်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးရင်း အမျိုးသမီး၁ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း M.V.P Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

လမ်းပိုင်းစစ်ဆေးမှုပြုလုပ်ချိန် သာဂရတပ်မတော်အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းဆီးရမိ

ပဲခူးတိုင်းရှိ တပ်မတော်အကြီးစားစက်ရုံ (သာဂရ) မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတစ်ယောက်ကို အပြစ်ကျူးလွန်ခြင်းမရှိဘဲ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုထက်လင်းဦး (ခ) အိုဝမ်းကို ထောင်အာဏာပိုင်တွေက အပြစ်ကျူးလွန်ထားခြင်းမရှိဘဲ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။