စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းမှာ ကင်းယူဖို့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနေ့က မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း ပျူစောထီး အထိုင်စခန်းကနေ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းမှာ ကင်းယူဖို့ ဆိုင်ကယ် ၄ စီးနဲ့ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီး ၈ ယောက်ကို ညောင်ပင်ဆိပ်ရွာ မြောက်ဘက်အရောက် တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ယောက် သေဆုံးပြီး G3 သေနတ် ၃ လက်၊ ကာဘိုင်သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနဲ့ နယ်မြေခံ ပကဖ တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ‌ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်အတွင်း ငါးရာနဲရွာ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနဲ့ ပေကြီးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီက မနေ့က မနက်ပိုင်းကစလို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ငါးရာနဲရွာက အပြစ်မဲ့ပြည်သူ (၃) ယောက် သေဆုံးပြီး ပြည်သူ(၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် နွား(၂)ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျီးကုန်းရွာက ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီး အင်အားအယောက် ၂၀ ခန့်ပါတဲ့ ခြေလျင်စစ်ကြောင်းက သပိတ်မှောက်ရွာကို မီးရှို့ဖျက်ဆီးရာ ပြည်သူပိုင်နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီးက ဟားခါး-ထန်တလန်လမ်းရှိ Kiamtlang စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါ ၄ ယောက် အရှင်မိပြီး ၁၅ ယောက် သေဆုံးခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

KNDF ဥက္ကဋ္ဌနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်း ၂၂ က ရဲဘော်တွေ တက်ရောက် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်းအမှတ် (၂၂) ရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ထိခိုက်ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဒီနေ့ည ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဒီနေ့ ည ၈ နာရီခွဲဝန်းကျင်မှာ ဗုံးတွေ လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။