မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 

ဒီလို (မြန်မာနယ်စပ်က ငွေလိမ်လုပ်ငန်းများ) ပြဿာနာဟာ ထိုင်းနိုင်ငံအတွက် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေကြောင်း၊ ၂၀၂၂ ဇွန်လ ကနေ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းလူမျိုး ၅၀၀,၀၀၀ ကျော်ဟာ ငွေလိမ်မှု သားကောင်တွေဖြစ်လာကြောင်း အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဥက္ကဋ္ဌ Phumtham က ပြောပါတယ်။  

ငွေလိမ်လုပ်ငန်းတွေဟာ ထိုင်းအတွက် ဘတ်ဘီလီယံ ၆၀ ကျော် နစ်နာဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ရဲ့ အချက်အလက်ကို ကိုးကားပြီး သူက ပြောဆိုပါတယ်။

ထိုင်းရဲ့ လုံခြုံရေးကို ထိပါးလာမယ်ဆိုရင် ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) အနေနဲ့ NSC ဒါမှမဟုတ် အစိုးရအဖွဲ့ရဲ့ အမိန့်ကို စောင့်စရာမလိုဘဲ ဓာတ်အားဖြတ်တောက်နိုင်တဲ့ အခွင့်အာဏာရှိတယ်လို့ သူကဆိုပါတယ်။ 

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai (ဓာတ်ပုံ TheNationThailand)

“(မြဝတီ)ကို ချက်ချင်း ဓာတ်အား ဖြတ်တောက်သင့်တယ်လို့ PEA ကို အကြောင်းကြားဖို့ ဒီနေ့ပဲ NSC ကို အမိန့်ပေးပါလိမ့်မယ်” လို့ သူက ပြောဆိုပြီး လိုက်နာဖို့ ပျက်ကွက်သူ ဘယ်သူမဆို ထိုင်းကို ငွေလိမ်ဂိုဏ်းတွေဒဏ်ခံရအောင်လုပ်လို့ အပြောင်းအရွှေ့ခံရတာတွေ ဒါမှမဟုတ် အပြစ်ပေးခံရတာတွေ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။ 

အဂတိလိုက်စားမှုက မြန်မာပြည် လျှပ်စစ်မီးရဖို့ အထောက်အကူ ဖြစ်နေသလား မပြောတတ်ပေမယ့် လာဘ်ပေးလာဘ်ယူတာကိုတော့ သည်းခံမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။ 

ရွှေကုက္ကိုလ်၊ KK Park နဲ့ မြဝတီအပါအဝင် ဓာတ်အားဖြတ်တောက်မယ့်နေရာတွေကို သက်ဆိုင်ရာ အေဂျင်စီတွေက သတ်မှတ်ပေးသင့်ကြောင်း Phumtham က ဆိုပါတယ်။ 

မြဝတီကို ဓာတ်အားဖြတ်တောက်တဲ့အခါ မြို့နေပြည်သူတွေကို ထိခိုက်စေနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သူက မြန်မာအနေနဲ့ သူ့ပြည်သူတွေကို ဂရုစိုက်သင့်ကြောင်း၊ သူ့ရဲ့နယ်မြေအတွင်း ငွေလိမ်ဂိုဏ်းတွေကို ရာဇဝတ်မှုတွေ ကျူးလွန်ခွင့်ပြုထားတဲ့အပေါ် တာဝန်ယူသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုးကား – Thai power supply to Myanmar scam cities to be cut today

 

0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်နေ

နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှာ ဓာတုငွေ့အဆိပ်သင့်လို့ မြန်မာအလုပ်သမား ၂ ဦးသေဆုံး၊ တစ်ဦး ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း ခရာဘီခရိုင်၊ ပလိုင်ဖရာယာမြို့နယ်က ဓာတုပစ္စည်းတွင်းကို နိုဝင်ဘာလ ၁၄ ရက်မှာ သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ ရှူမိခဲ့တဲ့အတွက် မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။ ကုမ္ပဏီဝင်းအတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား ၃ ဦးဟာ ဓာတုပစ္စည်းတွင်းထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် (Rotten-egg gas) ဓာတ်ငွေ့ အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။