မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း၊ မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Column တပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား ၁၃ ယောက်နဲ့ အထိုင်ချတပ်စွဲထားတာပါ။ တော်လှန်ရေးပူးပေါင်းတပ်တွေက ဘန်ကာ ၃ လုံးအထိ ပြိုကျအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၁ ယောက် ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့လည်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ်၊ မင်းဘူးခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တုန်းကလည်း အဲဒီတံတားဂိတ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ လက်နက်ငယ် ၁ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာမြို့နယ် ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၄ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဇန်နဝါရိ ၁၆ ရက် ညပိုင်းက ပေါ်တာဆွဲဖို့ အိမ်စီးကားနဲ့ ကင်းပတ်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံက သိရပါတယ်။
Read More

“မြေပြင်အရောက် ရိက္ခာခြောက်” (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကနေ ထောက်ပို့တပ်သားတွေရဲ့ တာဝန်ထမ်းဆောင်ငွေတွေကို PDF ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပြီး အကြိမ်အရေအတွက်အလိုက် ပို့ဆောင်ပေးလျက်ရှိကြောင်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ PDF ရဲဘော်တွေဆီကနေလည်း လက်ခံရရှိကြောင်းကို ရုပ်သံနဲ့ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ပြန်လည်ပေးပို့တာကြောင့် ပြည်သူများ သိရှိစေဖို့ လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြခဲ့၊ ဖော်ပြလျက် ရှိပါတယ်။ မကြာခင်မှာလည်း စာရင်းဇယားနဲ့ ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။
Read More

မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူရွာကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Ah Nyar Heroes အဖွဲ့က ဇွန်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

MBT အထူးကွန်မန်ဒိုရဲဘော်တွေက မြင်းခြံမြို့မှာ ‌သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင်ကို မင်းသိုက်ကို တိုက်ခိုက်ရှင်းလင်းမှု ရုရှားပြန်၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့မှာ သောင်းကြမ်းနေတဲ့ ပျူခေါင်းဆောင် မင်းသိုက်ကို MBT အထူးကွန်မန် ဒိုရဲဘော်တွေက တိုက်ခိုက်ရှင်းလင်းခဲ့ရာ ရုရှားပြန် ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံးခဲ့တယ် လို့ Myingyan Black Tiger တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ၁ လတာအတွင်း ဒရုန်းနဲ့ ဗုံးသီး အကြိမ် ၅၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ စစ်စခန်းတွေကို ဒီဇင်ဘာ ၁၄ ရက်ကနေ ဇန်နဝါရီ ၁၂ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ဒရုန်းနဲ့ ဗုံးသီးအကြိမ်ရေ ၅၀ ကျော်၊ ဗုံးသီး အလုံး ၇၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖ ထံက သိရပါတယ်။