မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု (၄)နှစ်မြောက်အဖြစ် “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး“ အတွက် ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံတဲ့ လွှတ်တော်အမတ်များသမဂ္ဂနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းပြီး မြန်မာ့အရေးကြားနာပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု(၄)နှစ် အလွန် လက်ရှိ မြန်မာနိုင်ငံ​ရဲ့ ပကတိအခြေအနေမှန်တွေ၊ စစ်တပ်ရဲ့ အာဏာလုယူမှု နောက်ဆက်တွဲ ပဋိပက္ခတွေနဲ့ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေ၊  နိုင်ငံတကာသံတမန်တွေနဲ့ သတင်းမီဒီယာတွေဆီ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် ဖေဖော်ဝါရီ ၃ ရက်မှာ မြန်မာ့အရေး ကြားနာပွဲကို ပြုလုပ်ခဲ့တာပါ။

အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်တွေဆီက ကြိုတင်ကောက်ခံထားတဲ့ လက်မှတ်ရေးထိုးတောင်းဆိုစာကို ကြားနာပွဲ တက်ရောက်သူတွေ တညီတညွတ်တည်း ထောက်ခံအားပေးခဲ့ပြီး ဂျပန်အစိုးရဆီ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ဆက်လက်ပေးပို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

အဆိုပါ ကြားနာပွဲကို NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့ကလည်း တက်ရောက်ဆွေးနွေးခဲ့ပြီး စစ်ရှောင် ကလေးငယ်တွေရဲ့ ပန်းချီတွေနဲ့ မြန်မာပြည်တွင်း အခြေအနေမှန်တွေကို သိရှိနားလည်နိုင်အောင် ဓာတ်ပုံတွေ ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို လွှတ်တော်အမတ် အများအပြား တက်ရောက်ခဲ့ပြီး တက္ကသိုလ် ပါမောက္ခတွေ၊ NGO/NPO တွေ၊ အလုပ်သမားအဖွဲ့ချုပ်(ILO) တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံရုံးတွေက တာဝန်ခံတွေ၊ သတင်းမီဒီယာတွေနဲ့ မြန်မာ့အရေး အစဉ်တစိုက်ကူညီပေးနေသူ ဂျပန်နိုင်ငံသားတွေ၊ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ပရိတ်သတ် (၂၀၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ National Unity Government of Myanmar Representative Office – Japan)

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်း မှောင်ခိုရောင်းဝယ်ခဲ့ကြောင်း ဂျပန်ယာကူဇာခေါင်းဆောင် ဝန်ခံ

မြန်မာကနေ နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ အမေရိကန်အာဏာပိုင်တွေက စွဲချက်တင်ထားတဲ့ ဂျပန်ယာကူဇာဂိုဏ်း ခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ရက် ဗုဒ္ဓဟူးနေ့က ဝန်ခံခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ 
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုသည်ဟု အတည်ပြု

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက် အသိအမှတ်ပြုကြောင်း နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကတဆင့် အတည်ပြုခဲ့ပါတယ်။
Read More

တောင်ကိုရီးယားတွင် စစ်တပ်၏ ရွေးကောက်ပွဲအတု ကြိုတင်မဲလာပေးသူ ၁၀ ဦး ဝန်းကျင်သာ ရှိ 

စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။ 
Read More

ထိုင်းနိုင်ငံအနေနဲ့ မြန်မာလူထုအပေါ် စာနာစိတ်ထား ကူညီပေးဖို့နဲ့ ယာယီနေထိုင်ခွင့်ပေးရေး NUCC တိုက်တွန်းတောင်းဆို

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်က မြို့နယ်၂ခုမှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာ ၂၆ ယောက် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်တို့မှာ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။