ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

AA တပ်ဖွဲ့အနေနဲ့ မြို့ပြအုပ်ချုပ်ရေးအတွက် အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and Public Security- DLEPS) ကို ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီသုံးနှုန်းခဲ့တဲ့ “ရဲ” အစား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဝန်ဆောင်မှုပေးတဲ့ ဌာနကို ဒီလပ်ဌာန/DLEPS အမည်ပေးထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ AA တပ်ဖွဲ့ရဲ့ DLEPS အဖွဲ့ဝင်တွေက သိမ်းပိုက်ထားတဲ့ မြို့တွေမှာ ပြည်သူတွေ ယာဉ်အန္တရာယ် ကင်းစင်ရေးနဲ့ လုံခြုံချောမွေ့စေရေးအပြင် စစ်ကောင်စီထုတ် အရက်နဲ့ ပြည်ပအရက်တွေကိုပါ ရောင်းချခွင့်ပိတ်ထားတာကြောင့် တရားမဝင် အရက်တွေ ဝင်ရောက်နေတာကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

(ဓာတ်ပုံ  Golden Era Media)

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ "TRI"  ဗျူဟာ (ဗျူဟာအမှတ် ၉၃ ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနား ပုံရိပ်တွေကို "TRI" ဗျူဟာက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန်မှာ မန္တလေးမြို့ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၇ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ရှားသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။