မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက်က ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ရဲနဲ့ စစ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး စခန်းကို ယာယီစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်မှာ မင်းဘူးမြို့နယ် လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးထပ်မံကြဲချတိုက်ခိုက်ခဲ့သလို မဲဇလီစခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ပွင့်ဖြူမြို့နယ် မဒဲကုန်း ကျေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အထိနာပြီး လေကြောင်းကနေ မဲဇလီကျေးရွာဝန်း ကျင်ကို ဗုံးကြဲတာ၊ လက်ပတောကျေးရွာဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းတိုက်ခိုက်ခံရတဲ့ အနီးနားက ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ မင်းဘူးခရိုင်တပ်ရင်း ၆၊ တပ်ရင်း ၄ ၊ JOKER ပြောက်ကျားတပ်ဖွဲ့ (MYG) ၊ Young Force People Defence Force(PKU) ၊ စေတုတ္တရာ ပအဖ နဲ့ Earthquake People’s Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ် မှော်တောင် ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်တောင်း၊ ဆန်းကြွယ်ရွာမှာ စစ်ကော်မရှင်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် လမ်းကင်းယူဖို့လာသည့် စစ်ကောင်စီတပ်သားများ ဗုံးသီးကြဲချခံရပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာထဲမှာ လမ်းကင်းယူဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီပကဖ ဇုန် ၃ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်ရွယ်က ပြောကြားခဲ့ပါတယ်။
Read More

တော်လှန်အနုပညာရှင် ဒါရိုက်တာ ကိုပေါက်ရဲ့ ဒို့ပြန်လာပြီ ဧရာဝတီ (ရုပ်/သံ)

"သူတို့က သူတို့ရဲ့အသက် သူတို့ဘဝ သူတို့အနာဂတ်ကို နိုင်ငံတော်အသစ်ဖြစ်ထွန်းရေးအတွက် ပေးဆပ်ထားတယ်။ ကျနော်တို့တွေက သူတို့ရဲ့ အိမ်ပြန်လမ်းတွေကို ချောချောမွေ့မွေ့ အိမ်ပြန်ရောက်နိုင်ဖို့အတွက် ကူညီကြမယ်"
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ထိုင်း Phanom Dong Rak ဆေးရုံသို့ ကျ‌ရောက်ပေါက်ကွဲ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိုင်းဘက်ခြမ်းရှိ Phanom Dong Rak ဆေးရုံသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေက ‌ဖော်ပြပါတယ်။