အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

သင်တန်းဆင်းပွဲမှာ အလံတော်နဲ့ကျဆုံးရဲဘော်တွေကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာက ပေးပို့တဲ့ သဝဏ်လွှာ ဖတ်ကြားခြင်း အပါအဝင် ဗျူဟာမှူးနဲ့  စစ်ကြောင်းမှူးတို့က ဂုဏ်ပြုမိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။

သင်တန်းဆင်း ရဲဘော်တွေက  စစ်ရေးပြကာ လှည့်လည်အလေးပြုခဲ့ကြပြီး စစ်ဆင်ရေး သရုပ်ပြမှုတွေနဲ့အတူ သင်တန်းဆင်းပွဲကို အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

အခု အပတ်စဉ် (၇) အတွက်  သင်တန်းသားအရေအတွက် ၂၅၀ ကို အထူးသင်တန်းပေးလေ့ကျင့်ခဲ့ပြီး   ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှု၊ အခြေခံစစ်ပညာတွေနဲ့ အထူးစစ်ဆင်ရေး ဘာသာရပ်တွေကို KNLA နည်းပြတွေ၊ SOF သင်တန်းနည်းပြတွေ၊ US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား) တွေက ၄ လခွဲကြာ အထူးလေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်း ရဲဘော်တွေဟာ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနဲ့ မွန်ပြည်နယ်စစ်ဆင်ရေးတွေမှာ သက်ဆိုင်ရာ စစ်ကြောင်း/တပ်ရင်းအလိုက် အထူးစစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

ပြည်သူကို မဲထည့်ရန် ဖိအားပေးနေသည့် စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခံရပြီး ၁၀ ဦး သေဆုံး၊ မဲရုံများကိုလည်းကာကွယ်ရေးတပ်ဖွဲ့ ဖျက်ဆီးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။
Read More

တိုင်းပြည်တစ်ခုလုံး မငြိမ်သက်အောင် လုပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးဟု ပြော

တွေ့ဆုံဆွေးနွေးရေးအတွက် အမြဲတမ်း တံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် လက်မလျှော့သေးဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

လောင်းလုံးနဲ့ ထားဝယ်မှာ စစ်ကောင်စီစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ထားဝယ်မြို့နယ်တို့က စစ်ကောင်စီစခန်းတွေနဲ့ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။