အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်တိုင်းမှာ ဇန်နဝါရီလအတွင်း စစ်ဆင်ရေးဖော်ဆောင်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Rangoon Scout Network – RSN က ထုတ်ပြန်ဖော်ပြထားပါတယ်။

ဇန်နဝါရီလမှာ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း (၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု (၃) ကြိမ်၊ စစ်ဆင်ရေးပစ္စည်းဖယ်ရှားခံရမှု (၂) ကြိမ်နဲ့ လုပ်ကြံမှု (၁) ကြိမ် ပါဝင်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ RSN)

မင်္ဂလာဒုံ ထောက်ကြံ့နယ်မြေရဲစခန်း၊ မြောက်ဥက္ကလာ (ဌ) ရပ်ကွက်ရုံးတို့ကို တော်လှန်ရေးတပ်တွေ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက်စက်ရုံကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ကြည့်မြင်တိုင်စာတိုက်အနီး ပြည်သူ့စစ် အောင်ဒင် (ခ) အရှည်ကြီးကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သလို မြောက်ဒဂုံမြိုနယ် ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုတော့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမယ့် မိုင်းမပေါက်ကွဲဘဲ စစ်ဆင်ရေး မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Spring Warriors Column က တန်ဆောင်တိုင်အမှတ်တရ အားကစားပြိုင်ပွဲတွေ ပြုလုပ်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ ၊ Spring Warriors Column (ရိုးမဗျူဟာ) - P 27001 က တန်ဆောင်တိုင်အမှတ်တရ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ပြ သပိတ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ရှိ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်(၂) ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကြောင်း အဆိုပါသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။