တောင်ကိုရီးယားနိုင်ငံ၊ လွှတ်တော်အစည်းအဝေးခန်းမမှာ “ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက် ” ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ်တွေဖြစ်တဲ့ အီဂျဲဂျောင်၊ ဆောယောင်ဆော့၊ အီယုန်ဆွန်း၊ ယွမ်ထဲယောင်၊ အီဂန်အီးလ် အမတ်တွေက ကမကထပြုပေးပြီး ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန၊ ဆောင်ဂုံဟွဲတက္ကသိုလ် အာရှအန်ဂျီအိုစင်တာနဲ့ နယ်စည်းမခြားဒီမိုကရေစီ‌ကျောင်းတို့က ပါမောက္ခတွေ ဦးဆောင်ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပထမဆုံး နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာမှာ ကိုရီးယားနိုင်ငံ ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့ဒီမိုကရေစီအရေးအတွက်ပါ ပူးတွဲဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပြီး နွေဦးတော်လှန်ရေးဟာ ပြည်သူဘက်က အနိုင်ရဖို့ သေချာနေသလို ကိုရီးယားနေ မြန်မာနိုင်ငံသားတွေကို ကူညီစောင့်ရှောက်တာက နွေဦးတော်လှန်ရေးကို အားပေးတာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

NUGကိုယ်စားလှယ်ရုံးရဲ့ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူကလည်း လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေနဲ့ တောင်ကိုရီးယားဘက်က ကူညီပေးသင့်တာတွေကို ရှင်းလင်းတင်ပြခဲ့သလို ကိုရီးယားနေ တော်လှန်ရေးလုပ်နေသူတွေရဲ့ ပတ်စ်ပို့ သက်တမ်းအခက်အခဲ၊ ယာယီနေထိုင်သူတွေ တရားဝင်အလုပ်လုပ်ခွင့် အခက်အခဲ၊ စစ်မှုထမ်းဥပဒေကြောင့် မပြန်ရဲတဲ့ အခက်အခဲတို့ကို မီးမောင်းထိုး ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ဝါရင့်နိုင်ငံရေးသမား လွှတ်တော်အမတ် အီယုန်ဆွန်းက မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ဗီဇာအခက်အခဲအတွက် ကိုရီးယားလွှတ်တော်မှာ လွှတ်တော်အမတ်တွေ ဆွေးနွေးမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီနောက် ဆောင်ဂုံဝဲတက္ကသိုလ် အာရှအန်ဂျီအိုစင်တာ ပါမောက္ခ ဘတ်အွန်ဟုန်းနဲ့ နယ်စည်းမခြား ဒီမိုကရေစီကျောင်း ဒုဥက္ကဋ္ဌ အီဂျူယောင်းတို့က “ကိုရီးယား-မြန်မာ ဒီမိုကရေစီရေး အကျပ်အတည်းနှင့် နိုင်ငံရေးတွင် ထိပ်တိုက်ရင်ဆိုင်မှုထက် ယှဉ်တွဲနေထိုင်ရေးက အလုပ်ဖြစ်နိုင်သလား” စာတမ်းကို တင်ပြဆွေးနွေးခဲ့ပါတယ်။

ဂျောင်ဟွီတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ အင်ဆောင်ဟိုက “ကိုရီးယားနှင့် မြန်မာ နှိုင်းယှဉ်လေ့လာမှုကို ချဲ့ထွင်ခြင်း” စာတမ်း၊ ဆိုးလ်တက္ကသိုလ် အာရှလေ့လာရေးဌာန ပါမောက္ခ ချွဲ‌‌ဂယောင်ဟွဲက “၂၁ ရာစုတွင် ဒီမိုက‌ရေစီဝါဒနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြန်အလှန် အကျိုးပြုမှု” စာတမ်း၊ ဟန်ဂယောလဲသတင်းစာ အယ်ဒီတာ ဂီးယွန်းဟယောင်းက “ကိုရီးယား ၁၂.၃ နှင့် မြန်မာ ၂.၁” စာတမ်း၊ မြန်မာ့ဒီမိုကရေစီကူညီရေး အရပ်ဘက်တပ်ပေါင်းစု ဥက္ကဋ္ဌ နာဟရွန်ဖီးလ်က “မြန်မာနှင့် ကိုရီးယား ဒီမိုကရေစီကို အတူတကွ ထူထောင်ရေး” စာတမ်းတို့ကို အသီးသီး ဖတ်ကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NUG Representative Office – Republic of Korea)

0 Shares:
You May Also Like
Read More

လူငယ်၄သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်နေသည့် မြန်မာတွင် အလုပ်အကိုင်အခွင့်အရေးဆုံးရှုံးနေသည့် အမျိုးသမီးအရေအတွက် အမျိုးသားများထက် ၂ဆ ကျော်ပိုများလာကြောင်း UNDP ထုတ်ပြန်…

မြန်မာနိုင်ငံက လူငယ် ၄သန်းနီးပါးဟာ အလုပ်လက်မဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပြီး အဆိုးဆုံးအနေနဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်စျေးကွက်တွေကနေ အမျိုးသားတွေထက် နှစ်ဆကျော်နူန်းနဲ့ ဖယ်ကျဥ်ခံထားရတယ်လို့ UNDP Myanmar (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) ရဲ့အစီအရင်ခံစာအရသိရပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

စစ်ကောင်စီ ကန့်ကွက်နေပေမယ့် တောင်ကိုရီးယားရောက် မြန်မာ ထောင်နဲ့ချီပြီး NUG ကိုရီးယားရုံးမှာ ပတ်(စ်)ပို့သက်တမ်းတိုးနေ

တောင်ကိုရီးယားနိုင်ငံ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်ရုံးက ပတ်(စ်)ပို့ သက်တမ်းတိုးပေးခဲ့ရာ လာရောက်သက်တမ်းတိုးသူ တစ်ထောင်ကျော် ရှိလာပြီလို့ သိရပါတယ်။
Read More

အစ္စရေးက Rising Lion စစ်ဆင်ရေး အမည်ဖြင့် အီရန်ကို စတင်တိုက်ခိုက်၊ နျူကလီးယားပစ်မှတ်များနှင့် အဝေးပစ်ဒုံးကျည် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ဟု ဆို

အစ္စရေးနိုင်ငံက Rising Lion စစ်ဆင်ရေးနာမည်နဲ့ အီရန်နိုင်ငံကို စတင်တိုက်ခိုက်ကြောင်း ကြေညာပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။