ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

အဲဒီတပ်ရင်းတွေကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပြီး အမတ (၃၆၆) ဟာ ဗန်းမော်မြို့က အမှတ် (၃၆၆) အမြောက်တပ်ရင်းဖြစ်တာကြောင့် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။ 

“အမှတ်(၂) လျှပ်စစ်တပ်ရင်းဆိုတာက အလုပ်ရုံတပ်စုပေါ့၊ သေနတ်တွေ ပြင်ပေးတယ်၊ ကိရိယာတွေ ပြင်ပေးတဲ့တပ်ပေါ့၊ ဒါကတော့ တပ်စုအဆင့်ဆိုပေမယ့်လည်း လူအင်အားက အတော်လေးနည်းပါးပါတယ်၊ ၃၆၆ ကို ရလိုက်တာက အမြောက်တပ်ရင်းဆိုတော့ အမြောက်လက်နက်ခဲယမ်းတွေရတာပေါ့” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

အခုလို စစ်ကောင်စီတပ်စခန်း ၂ခုကို KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်တဲ့ သတင်းဟာ ၉၉ ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိတယ်လို့ သူက ဆိုပါတယ်။ 

ဒါ့အပြင် ဗန်းမော်မြို့ အခြေစိုက်တပ်တွေဖြစ်တဲ့ အမှတ် (၄၇) နဲ့ (၂၃၆) ခြေလျင်တပ်ရင်းတွေမှာလည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

ဇန်နဝါရီလအတွင်း လေဆိပ်ကို သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA ပူးပေါင်းတပ်က ရဲဘော်အချို့ (ဓာတ်ပုံ လူမှုကွန်ရက်)

လက်ရှိ အနေအထားဟာ KIA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ လက်ရုံးတပ်တွေဖြစ်တဲ့ သံချပ်ကာတပ်ဖွဲ့နဲ့ အမြောက်တပ်ရင်းတွေကို သိမ်းထားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ 

ဗိုလ်ကြီးဇင်ယော်က “အခုက လက်ရုံးတပ်တွေကို ရထားတဲ့ အနေအထားပေါ့၊ အဲ့တော့ ခြေလျင် ခြေမြန်တပ်ရင်းတွေဆိုတာကလည်း စစ်လက်ရုံးတပ်တွေကိုပဲ အားကိုးပြီးတော့ တိုက်ရတာပေါ့နော်၊ အဲ့လိုပဲ ဟန်ချက်ညီညီ ထိန်းပြီးတိုက်ရတာပေါ့၊ အခုတော့ လက်ရုံးတွေ တဖြည်းဖြည်းချင်း ပြုတ်ကျနေပါပြီ” လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့  ဇန်နဝါရီ နောက်ဆုံးပတ်အတွင်းမှာ KIA ဟာ ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) အနီးက သံချပ်ကာတပ်ရင်း အပါအဝင် လေယာဉ်ကွင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု စတဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေကို သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။ 

မနေ့က KIA ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တဲ့ အမတ ၃၆၆ ဟာလည်း စကခ ၂၁ အနီးမှာ ရှိတာကြောင့် အင်အားရာနဲ့ချီရှိတဲ့ စကခ ၂၁ ကို သိမ်းယူနိုင်ဖို့အတွက် အရေးပါတယ်လို့ သိရပါတယ်။

KIAနဲ့ ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်အတွင်း မြို့​ပေါင်း ၁၄ မြို့နဲ့ ရှမ်းပြည်နယ်​မြောက်ပိုင်းက မဘိမ်းမြို့ နဲ့ နမ့်ဖက်ကာဗျူဟာတို့ကို သိမ်းပိုက်ထားပါတယ်။ ကချင်ပြည်နယ်က ၁၅ ခုမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ အခုဆိုရင် ၂ လနီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။
Read More

စုစည်းညီညွတ်အားဖြင့် တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း

အကြမ်းဖက် စစ်အာဏာရှင်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တပ်ဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု” ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ဒီဇင်ဘာ ၁၅ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

မုံရွာမှာ လုံခြုံရေးယူနေတဲ့ ရဲနဲ့ စစ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ၆ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လုံခြုံရေးယူနေတဲ့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းရာ ရဲနဲ့ စစ်သား ၆ ယောက်​သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေး အဖွဲ့ ( မြို့နယ် ပ.လ.ဖ) က ထုတ်ပြန်ပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၆ ယောက် သေပြီး အယောက် ၂၀ ဒဏ်ရာရ

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကို Mission 22 အဖြစ် ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။