အီတလီနိုင်ငံမှာ မြန်မာ့နွေဦးတော်လှန်ရေး (၄) နှစ်မြောက်အနေနဲ့ La “RIVOLUZIONE DI PRIMAVERA”in Birmania Conference ကို ဖေဖော်ဝါရီလ (၁) ရက်က ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တက်ရောက်ပြီး အမှာစကားပြောကြားခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက နွေဦးတော်လှန်ရေး (၄)နှစ်တာကာလအတွင်း တော်လှန်ပြည်သူတွေရဲ့ မရပ်တန့်နေဘဲ ဆက်လက်တိုက်ပွဲဝင်နေတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG ဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အခုထက်ပိုမိုအားကောင်းလာရင် နွေဦးတော်လှန်ရေးအောင်ပွဲကို ပိုမို စောလျင်စွာ ရောက်ရှိနိုင်တယ်လို့လည်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များ ထိခိုက်သေဆုံးမှု များပြားနေ၊ အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မစုဆောင်း၍ သင်တန်းအမြန်ပေးကာ ရှေ့တန်းသို့ စေလွှတ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ် Cluster ဗုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်က ဂေါက်ကွင်းကို အကြမ်းဖက်စစ်တပ်က Cluster ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ သင်တန်းဆင်းပွဲလုပ်နေတဲ့ ပျူတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ ၇ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ​၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊ အပြန်အလှန် ပစ်ခတ်မှုအတွင်း သံဃာတစ်ပါးအပါ ၄ ဦး ထိမှန်ဒဏ်ရာရ…

“မနေ့ကလည်း တောက်လျှောက်ဖြစ်နေတာ ၊ ဒီမနက်မှာလည်း ထပ်ဖြစ်တယ်။ မှော်တောင်းကျေးရွာမှာရှိတဲ့ ဂိတ်ကို သူတို့က စစ်ကြောင်းထိုးတယ် ၊ အဲ့မှာ တိုက်ပွဲပြင်းထန်ပြီးတော့ ဂိတ်ကလည်း ဆုတ်ပေးလိုက်ရတယ်။တိုက်ပွဲအပြန်အလှန်ပစ်ခတ်ချိန်မှာ လက်နက်ကြီးကျတော့ အဲ့မှာ ကလေးတွေ ထိတယ်။ သံဃာတော် တစ်ပါးလည်း ထိတယ် ” လို့ ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။