ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကနေ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အကောင်းအတိုင်း သိမ်းဆည်းရရှိခဲ့တယ်လို့ BPLA ကွပ်ကဲ​ရေးမှူး​ မောင်​ဆောင်းခက လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။

မဲပလီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)နဲ့ Force for Federal Democracy (FFD) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ အဲဒီဗျူဟာစခန်းကနေ ဗျူဟာမှူးအပါအဝင် စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

ဆားတောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF အဖွဲ့ထံက သိရပါတယ်။
Read More

ခပေါင်းချောင်းရေ မြင့်တက်လာသည့်အတွက် တောင်ငူမြို့ အနိမ့်ရပ်ကွက်အချို့နှင့် ကျေးရွာများ ချောင်းရေဝင်ရောက်ကာ အရေးပေါ်ရွှေ့ပြောင်းနေရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ခပေါင်းချောင်းရေ မြင့်တက်လာတဲ့အတွက် ရပ်ကွက်အချို့နဲ့ ကျေးရွာ တွေမှာ ချောင်းရေဝင်ရောက်လာပြီး အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဓားစာခံ ၅၃ ယောက် ဖမ်းဆီးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အနီးကပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်က ဒုတပ်ကြပ်အပါ အများအပြားသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကနေ မုံရွာနမခ ကို ဓားစာခံ ၅၃ ယောက်ဖမ်းဆီးပြီး ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက် မနေ့ နေ့လည်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။
Read More

မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက်သေဆုံးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။