စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက အီနာဂါဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ လက်ရုံးတပ်ထံက သိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့ ဘောလုံးကွင်းတွေကို အီနာဂါဗုံးသီးတွေ ပစ်သွင်းတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ကနီမြို့နယ် ပ.က.ဖ လက်ရုံးတပ်၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ (ကနီ)နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သလို ဒရုန်းနဲ့ ဗုံးသီးတွေ လိုက်လံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချမှုကြောင့် စိမ့်တောရဘုန်းကြီးကျောင်းက သက်တော် (၅၀)ကျော်၊ ဝါတော် ၃၀ ရှိ ကျောင်းထိုင်ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း PDF အခြေခံ စစ်သင်တန်းဆင်းရဲဘော်များအတွက် ဦးကျော်သက်လင်း၏ အမှတ်တရ အမှာစကား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်များကို မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားမှာ CDM ပြုလုပ်လာပြီး တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေတဲ့ ဦးကျော်သက်လင်း ၏ အမှတ်တရအမှာစကားကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာခရိုင် စိုးမိုးနယ်မြေအတွင်း MPDF – DEMO တပ်ခွဲမှာ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်) သင်တန်းပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်း အမှတ်(၁) တပ်ရင်း (Demo) တပ်ခွဲရဲ့ ပြန်လည်စုဖွဲ့မှုနဲ့ မွမ်းမံ (ရက်ရှည်)သင်တန်းကို မုံရွာခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

AA သိမ်းယူဖို့ နေရာအနည်းငယ်သာ ကျန်တော့တဲ့ အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် အမ်းမြို့နဲ့ ဂွမြို့က စခန်းတွေကို တရပ်စပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း ရိက္ခာသယ်ထွက်လာသည့် ပျူစောထီး ၈ ဦးကို ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ငွေတွင်းပျူစခန်းကနေ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီး ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Ngwe Dwin Revolution Force က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်းတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ ဆက်သွယ်ရေးတပ်ဖွဲ့မှူး ရဲဘော်သာထူးရဲ့ နာရေးစျာပနမြင်ကွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း အင်မထီးပျူစခန်းကို ကာကင်းစောင့်ပွင့်ယူနေ စဉ် ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ ရဲ့ ဆက်သွယ်ရေးတပ်ဖွဲ့မှူး သာထူး (ခေါ်) ဘုတ်ဆုံမ ရဲ့ နာရေးစျာပနကို ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။