ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်မှာ အင်အား ၃၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၃) တို့ဟာ မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ၊ ချောင်းမကြီး တံတားအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်၊၊

“အဲ့ဒီစစ်ကြောင်းက စစ်သားတွေက ခလရ ၁ တပ်က စစ်သားတွေ၊ တပ်သားသစ် ၃ယောက်က ထွက်ပြေးလို့ လိုက်ရှာနေကြတာ၊ ကျနော်တို့ ရဲဘော်တွေကလည်း အဲ့နားမှာ ကင်းစောင့်နေတာတွေရှိတော့ အနီးကပ်ပစ်ကြာတာပေါ့” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။ 

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂ယောက် သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ 

သေဆုံးနဲ့ ဒဏ်ရာရ စစ်သားတွေကို စစ်ကောင်စီတပ်တွေက သူတို့ရဲ့ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ထဲကို ပြန်လည်သယ်ဆောင်သွားပြီး တော်လှန်ရေးရဲဘော် ၂ယောက်လည်း အဲဒီတိုက်ပွဲမှာ မစိုးရိမ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဆက်လက်ပြီးတော့လည်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အနီးကပ် သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့ကိုလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတိပေးထားပါတယ်။

 

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ တပ်တည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ ဧပြီလ(၁၇)ရက် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ BPLA က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မော်လမြိုင်တွင် စစ်ကောင်စီ၏ အစိုးရရုံးနှင့် ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းဖြင့်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး စိုးရိမ်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးနဲ့ ဝန်ကြီးများအိမ်ရာတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၂ ယောက် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Saw Dragon Drone Force-SDDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

တော်လှန်ရေး မိုးထဲရေထဲကာလ ရောက်နေတာကြောင့် ပူးပေါင်းရုန်းကန်မှု အရေးကြီးကြောင်း စစ်ကိုင်း PDF ပြော

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးကာ ရိက္ခာများ မျှဝေထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး၊ ရိက္ခာတွေမျှဝေထောက်ပံ့ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။