စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးလုပ်နေတာဟာ ကရင်တစ်မျိုးသားလုံးအတွက်တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလွတ်မြောက်ဖို့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောကိုကို (ခေါ်) စောဒါဘောက ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)-(ဗဟို) စစ်ဌာနချုပ်က ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို သူရဘွဲ့ ချီးမြှင့်ပြီးနောက် ဗိုလ်မှူး စောဒါဘော က အခုလို ပြောဆိုခဲ့တာပါ။

“ငါတို့တစ်မျိုးသားလုံးအတွက်ပဲ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေလွတ်မြောက်ဖို့အတွက် ငါတို့တိုက်ပွဲဝင်နေကြတာဖြစ်တယ်။” ဗိုလ်မှူး စောဒါဘောက ပြောဆိုခဲ့တာပါ။

ဗိုလ်မှူးစောကိုကို (ခေါ်) စောဒါဘောဟာ ရှေ့တန်းစစ်မြေပြင်မှာ မကြောက်မရွံ့ အကြမ်းဖက်စစ်ကောင်စီ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီတဲ့ ဗိုလ်မှူးတစ်ယောက်အဖြစ် သူရဘွဲ့တံဆိပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)-(ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးစောဒါဘောဟာ စစ်ကောင်စီတပ်ကို ချေမှုန်းတိုက်ဖျက်ရာမှာ လုပ်ထုံးလုပ်နည်းအတိုင်း အထက်က ခေါင်းဆောင်အဆင့်ဆင့်ရဲ့ ထောက်ခံချက်အပြင် သူ့ရဲ့ ကွပ်ကဲမှုအောက် အတူတိုက်ပွဲဝင်သူတွေ (၃) ယောက် ထောက်ခံမှုအပေါ် ကာကွယ်ရေးဌာနမှူး အတည်ပြု လက်မှတ်ရေးထိုးတာ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ကွပ်ကဲမှုနဲ့ စစ်ရေးအရ ထိုးထွင်းကြံဆမှုရှိတာ၊ တိုက်ပွဲမှာ ရဲစွမ်းသတ္တိပြည့်ဝစွာနဲ့ စွမ်းစွမ်းတမံကြိုးစားမှုရှိတာနဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ချိနဲ့အားနည်းသွားအောင် စွမ်းဆောင်နိုင်တာတို့ကြောင့် သူရဘွဲ့ ချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာတွင် စစ်ကူသွားသည့်ကားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၂ယောက်သေ၊ အရှင် ၁ဦးနှင့် လက်နက်ခဲယမ်းတစ်ချို့ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲမှာ စစ်ကူလာတဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း၁ယောက်၊ ကား၁စီးအပါအဝင် လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ကထုတ်ပြန်ပါတယ်။
Read More

ခလရ (၂၅၂) တပ်ရင်းနှင့် ထောက်ပို့တပ်ဝန်းအတွင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တပ်မ (၁၀၁)လက်အောက်ခံ၊ ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ရှိရာနေရာတွေကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းထိခိုက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်၊ မနေ့မနက်ပိုင်းက ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ဝန်းအတွင်းကို စက်တပ်လေထီးတွေ ပြန်လည်ဆင်းသက်ဖို့လုပ်ဆောင်နေချိန်မှာ COBRA ONE တပဖွဲ့ဝင်တွေက အဝေးပစ် ရှော့တိုက်ဒုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့တွင် အကြမ်ဖက်စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြန်လည် လုပ်ဆောင်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတာတွေ ပြန်လည် လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မင်းတုန်းတွင် မဲပုံးများပို့ရန် စစ်ကြောင်းထိုးသည့် အကြမ်းဖက် စစ်ကြောင်းဖြတ်တောက် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ သရက်မြို့ကို ပို့ဆောင်မယ့် ရွေးကောက်ပွဲအတု မဲပုံးတွေအတွက် ​စစ်ကြောင်းထိုး နယ်မြေရှင်းတဲ့ခဲ့ အကြမ်းဖက်စစ်တပ်ဟာ ဖြတ်တောက်တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။