စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းက အီနာဂါဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ လက်ရုံးတပ်ထံက သိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့ ဘောလုံးကွင်းတွေကို အီနာဂါဗုံးသီးတွေ ပစ်သွင်းတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ကနီမြို့နယ် ပ.က.ဖ လက်ရုံးတပ်၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ (ကနီ)နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သလို ဒရုန်းနဲ့ ဗုံးသီးတွေ လိုက်လံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချမှုကြောင့် စိမ့်တောရဘုန်းကြီးကျောင်းက သက်တော် (၅၀)ကျော်၊ ဝါတော် ၃၀ ရှိ ကျောင်းထိုင်ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ထွေအုပ်ရုံးမှာ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းမကြီးမှာ အိမ်စီးကားနဲ့ လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ BRAVE HEART ARMYမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၃ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရေယာဉ်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရေယာဉ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ 5/ Commando Force ကသတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းက နေအိမ် ၅၁ လုံး မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ဦးကို သတ်ဖြတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီးပြီး အသက် (၇၀) အရွယ် အမျိုးသား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံနဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ၇ ရက်တာ ထိတွေ့တိုက်ပွဲ (ရုပ်/သံ)

မြင်းခြံမြို့နဲ့ ငါးမိုင်အကွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ ၇ ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှတ်တမ်းကို Myingyan Black Tiger (MBT) က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။