ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က စီအိုင်ဒီ ရုံးအနောက်ပေါက်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တာဝန်ကျရဲ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၃၁ ရက် မနေ့က ညပိုင်းမှာ အင်းစိန်မြို့နယ်၊ ဆေးရုံကြီးအနောက်ဘက်မှာရှိတဲ့ အင်းစိန်CID ရုံးအနောက်ပေါက်ဂိတ်ကို Mother Son Yangon Force မြို့ပြ UG အဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့က ည ၉ နာရီခွဲအချိန်မှာ အင်းစိန် CID ရုံးအ​နေက်ပေါက်ဝဂိတ် တည့်တည့်ကို လက်ပစ်ဗုံးပစ်ခဲ့တယ်။ လက်ပစ်ဗုံး ၂ လုံးက ဂိတ်ဝတည့်တည့်ကို ကျရောက်ပေါက်ကွဲပြီး ရဲ ၂ ယောက်သေတယ်။ ၁ ယောက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ ” လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှု​ကနေ ထွက်ပေါ်လာတဲ့ လက်ပစ်ဗုံးပေါက်ကွဲသံကို အင်းစိန်အနီးတစ်ဝိုက်က ကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး အခင်းနေရာကို စစ်ကောင်စီတပ်က ဖောကားတွေနဲ့ ရောက်ရှိလာပြီး အနီးအနားပတ်ဝန်းကျင်ကို ရှာဖွေစစ်ဆေးတာ၊ မနက်လင်းပိုင်းအထိ လမ်းပိတ်စစ်ဆေးတာတွေအပြင် အရပ်ဝတ်နဲ့ ကင်းပုန်းချထားတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Mother Son Yangon Force မြို့ပြ UG အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလတုန်းကလည်း အလားတူ အင်းစိန်စီအိုင်ဒီရုံး အရှေ့ပေါက်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ – အင်းစိန်စီအိုင်ဒီရုံးနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်ပစ်ဗုံးများ
0 Shares:
You May Also Like
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်ကို လာသည့် စစ်ကောင်စီစစ်ကူစစ်ကြောင်း ပျက်တဲ့အထိ ချေမှုန်းနိုင်ခဲ့သည့် တိုက်ပွဲ NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ရေလာလေးစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးစခန်းသိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းရဲဘော်တွေကို ပေါက်ဒေသ ပြည်သူလူထုက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်က ၁ ဦးသေပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက် ၆ လက် သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။