မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၈) လက်အောက်ခံ ဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေးပူးပေါင်းတပ်များက ဒီကနေ့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းမြစ်များက ဆိုပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခ နဲ့ CDM ဗိုလ်ကြီးဇင်ယော်တို့ကလည်း သူတို့ရဲ့လူမှုကွန်ရက်တွေမှာ မဲပလီစစ်ကောင်စီဗျူဟာတပ်စခန်း သိမ်းပိုက်ခဲ့မှုကို အတည်ပြုထားပါတယ်။
“အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ငါတို့ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ် ” လို့လည်း BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက အတည်ပြုထားပါတယ်။
KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မဲပလီစစ်ကောင်စီဗျူဟာတပ်စခန်းကို သုံးလကြာစစ်ကူနဲ့ ရိက္ခာလမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တောက်ခဲ့ကာ နေ့စဉ်နီးပါး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း ဗျူဟာစခန်းမကျရေးအတွက် လေကြောင်းကနေ ရိက္ခာတွေ ထောက်ပို့ပေးခဲ့ပါသေးတယ်။
ဒါပေမယ့် မဲပလီကျေးရွာ အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၈) လက်အောက်ခံ တပ်စခန်းကို KNLA တပ်မဟာ (၁) ၊ တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုအတွင်း ၁ လကျော်အကြာမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုနဲ့ ပတ်သက်တဲ့ ထိခိုက်သေဆုံး အသေးစိတ်အချက်အလက်များကို KNU/KNLA ဖက်က တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောဒေသခံများ တွေ့ဆုံပြီးနောက် ၁၃ နှစ်ကြာ ပိတ်ထားသည့် မေဂျာဗလီ ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်တပ် ပျက်ကျသည့် တိုက်ခိုက်ရေးဒရုန်းကို တော်လှန်ရေးတပ် သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။
Read More

မြ၀တီမြို့အနီး စစ်ကောင်စီ၏ ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။ 
Read More

မြဝတီမြို့ထဲ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲရင်း အရပ်ဝတ်နဲ့ BGF တစ်ပွင့်အဆင့် အရာရှိကို မှားခေါ်သွား

ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။