စစ်ကောင်စီတပ်ရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျေးရွာမီးရှို့မှု ဒဏ် တွေကို ခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီနိုင်ဖို့ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ “အကယ်ဒမီရုပ်” ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
‘အကယ်ဒမီရုပ်’ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၂၀ ရက်အထိ ပြုလုပ်ထားပြီး ပထမဆုအနေနဲ့ ရွှေ ၁ ကျပ်သားရွှေကြယ်ပါဝင်တဲ့ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ အကယ်ဒမီရုပ်တု၊ ဒုတိယဆုအနေနဲ့ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ လက်မှတ်ပါ ရွှေဆွဲကြိုး ၁ ကုံး၊ တတိယဆုအနေနဲ့ ရုပ်ရှင်သရုပ်​ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် ၃ ရံကို ပိုင်ဖြိုးသုကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မဲပေါက်တဲ့ သူတွေကို ပေးအပ်မယ့် အကယ်ဒမီရုပ်ဟာ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ သရုပ်​ဆောင် ပိုင်ဖြိုးသုရရှိခဲ့တဲ့ အကယ်ဒမီရုပ်ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အကယ်ဒမီရုပ်ကမ်ပိန်းမှာပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ဘေးရှောင် မိသားစုတွေကို သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့အတူ ဝိုင်းဝန်းကူညီကြဖို့ ဖိတ်ခေါ်ထားပါတယ်။
Video -Artists’ Shelter
See Translation
0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျူကင်းစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ပျူစောထီး ၂ ဦး သေပြီး ၆ ဦး ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အုန်းတောပျူရွာကင်းစခန်းကို ဝင်ရောက်စီး နင်းခဲ့ရာ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၆ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

ရန်သူ့ဘန်ကာများ ဖြိုချနိုင်ဖို့ မဟူရာ‌ရွှေဘိုသား PDF မှ RPG ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ရွှေဘိုခရိုင်တပ်ရင်း ၄ လက်အောက်ခံ မဟူရာရွှေဘိုသား PDF က RPG ကမ်ပိန်းပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကြောင်း အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

မြို့သစ်မြို့နယ်ထဲတွင် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့်စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး မြို့နယ်ရဲမှူးအပါအဝင် ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မြို့သစ်မြို့နယ်ထဲမှာ အတုအ‌ယောင်ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပနိုင်ဖို့ နယ်လှည့် စစ်ဆေးနေတဲ့ စစ်အုပ်စုယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ဂဠုန် PDFအဖွဲ့ဆီက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄) ကိုယ်ပိုင်အမှတ်- တတ/၁၃၃၀၆၂ တပ်သား- သောင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''မန္တလေးဘူတာကြီးမှာ ဆန်ပေးမယ်၊ ဆီပေးမယ်၊ ပိုက်ဆံ တစ်သိန်းပေးမယ်၊ နှစ်သိန်းပေးမယ်ဆိုပြီး စစ်သားစုဆောင်းခံခဲ့ရတာ။ ကျွန်တော်အရင်ထဲက စစ်သားမလုပ်ချင်ဘူး။ သူတို့က ကြီးနိုင်ငယ်ညှင်းနှိပ်စက်တယ်။ စစ်သားမလုပ်ချင်တော့ဘူး''