စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက သီလုံးပျူကင်းစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ပြီး ည ပိုင်းမှာ ရွာမကြီးတောင်ထွက် ကင်းဘန်ကာ၊ တောင်ရွာချုပ်စပ် ပြည်သူဖြစ်တဲ့ ခင်မောင်စိုးနေအိမ် ဘန်ကာဆောက်လုပ်အထိုင်ချကင်းကို အနီးကပ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ချေမှုန်းခဲ့တယ်လို့ သိရပါတယ်။

နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေ ပန်းရံပျူစခန်းဘက်ကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို shwebo Crocodile၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ snake eyes ပျံလွှား Drone ဖွဲ့ ၊ရွှေဘိုခရိုင်တပ်ရင်း အမှတ်(၄) ၊တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊စွန်ရဲရွှေဘို ဒေသခံအဖွဲ့ ၊ဒေါင်းစစ်သည်အဖွဲ့၊ HG FIGHTER ၊ EYE FOR EYE ၊ shwebo Federal Army၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရိက္ခာလာထုတ်သည့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်ခံရ၊ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့သို့ ရိက္ခာလာထုတ်တဲ့ ပန်းရံပျူစောထီးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတွေ အထိအခိုက်များပြီး ကားကို စွန့်ခွာထွက်ပြေးသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံတွင် သီတာယုမွန်ပျူအဖွဲ့ကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ ပျူ ၁၅ယောက်ထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ သီတာယုမွန်ပျူအဖွဲ့ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြေတူးယာဉ်ကို အကာအကွယ်များ တပ်ဆင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front - ULF V 02 က ထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မနက် မန္တလေးမြို့တွင် ပြင်းအား ၄.၂ အဆင့်ရှိ ငလျင်လှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီမနက် ၁၀ နာရီ ၅၂ မိနစ်ခန့်က အင်အား ၄.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပြည်သူတွေ ထိတ်လန့်တကြား လမ်းပေါ်ပြေးထွက်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် တွင်းမပျူစခန်းက ကင်းပတ်ထွက်လာတဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။