မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာ မြိုင်မြိုနယ်နဲ့​ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမြောက်ပိုင်းကို မိတ္ထီလာရှမ်းတဲလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတစ်စုံတစ်ရာမရှိပဲ အကြောင်းမဲ့လုပ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းဒဏ်သင့်လို့ သရက်ကန်ရွာနေ ကိုဇော်လင်းစိုးနဲ့ ဇနီးဖြစ်သူအပါဝင် ပခုက္ကူမြို့နယ် သံဘိုရွာကနေ အလုပ်လာလုပ်နေတဲ့ ကိုဝက်ကြီးဆိုသူတို့ သေဆုံးခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာပြင်းထန်သူ ၃ ယောက်ရှိပြီး အရပ်သားနေအိမ် ၈ လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ပေါက်နယ်မြောက်ပိုင်းနဲ့ မြိုင်နယ် အနောက်ပိုင်း အစပ်က သရက်ကန်ရွာပါ။ တိုက်ပွဲမရှိပဲလုပ်တာပါ။” လို့ဒေသစစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်မတိုင်ခင် တစ်ရက်အလိုကလည်း မြိုင်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်ဆန်းပညာရပ်စုံကျောင်းကို စစ်ကောင်စီက လေယာဥ်နဲ့ပေါင် ၅၀၀ ဗုံးတွေကြဲချခဲ့လို့ CDM ကျောင်းသူ ၁ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
“စခတွေက စစ်ရှုံးလာတာနဲ့အမျှ မြိုင်နဲ့ပေါက်မှာအရပ်သားပစ်မှတ် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေကို တိုက်ခိုက်လာတယ်ပေါ့။ ပြည်သူတွေအတွက် တော်တော်ကို စိတ်မကောင်းစရာပါ။” လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ပခုက္ကူခရိုင်အတွင်းက ပေါက်၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းရင်း ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေသလို လေကြောင်းကနေလည်း အခုလို အရပ်သားပစ်မှတ်တွေကို အကြောင်းမဲ့ ဆက်တိုက် တိုက်ခိုက်လာတာဖြစ်ပါတယ်။
ပုံစာ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ…
ဓာတ်ပုံ – We Love Myaing
0 Shares:
You May Also Like
Read More

သံဖြူဇရပ်-ရေးအမြန်လမ်းတွင် ရွေးကောက်ပွဲ သင်တန်းတက်မည့် Non-CDM ပညာရေးဝန်ထမ်းများကို ဖမ်းမိ၊ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေ လုံခြုံရေးယူနေချိန် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

တောင်သာမြို့ မဲရုံကို လုံခြုံရေး‌ပေးရန် လာသည့် အကြမ်းဖက် စစ်ကြောင်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ တောင်သာမြို့မဲရုံကို လုံခြုံရေး‌ပေး ဖို့လာ တဲ့ အကြမ်ဖက်စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အမ်းကို စစ်ကူသွားမယ့် စစ်ကောင်စီတပ် လမ်းမှာတင် ၁၄ ယောက် သေ၊ အများအပြား ဒဏ်ရာရခဲ့

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။