တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တွေက အခွင့်ကောင်းယူတိုက်ခိုက်နေတာလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာတဲ့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့က ကာလုံအစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ ပူးပေါင်း တိုက်ခိုက်နေကြပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲတွေတောင် ရောက်ရှိနေတယ်လို့ မင်းအောင်လှိုင်က တစ်ဆက်တည်း ဝန်ခံပြောကြားလိုက်ပါတယ်။
လွန်ခဲ့သော ၆လအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသတို့တိုက်ခိုက်ခံခဲ့ရတယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းမှာလည်း KNU က PDF များနှင့်ပေါင်း၍ ကရင်ပြည်နယ်၊ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်တွင် AA က PDF များနှင့်ပေါင်း၍ မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-တွေအထိ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း မင်းအောင်လှိုင်ကဆိုပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် တိုင်းပြည်ဟာ ငြိမ်သက်မှုမရှိလို့ ကာလုံအစည်းအဝေးကတဆင့် အရေးပေါ်ကာလကို ဆက်လက်သက်တမ်းတိုးမြှင့်ရတာဖြစ်တယ်လို့ မင်းအောင်လှိုင်က အကြောင်းပြပြောဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းထက် နယ်မြေအလိုက် အာဏာရရှိရေးကို ဦးတည်ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝေဖန် ပြောဆိုလိုက်ပါတယ်။
စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို နိုင်ငံရေးအရ ဆွေးနွေးမယ်လို့ မကြာခဏ ဖိတ်ခေါ်ပြောဆိုလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အာဏာသိမ်းမှုကို ရပ်ဆိုင်းကာ လူထုထံအာဏာပြန်အပ်ကာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဝန်ခံဖို့ ပြန်လည်ပြောကြားထားပါတယ်။
0 Shares:
You May Also Like
Read More

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ

မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်သူထံမှ လစဥ်ဆက်ကြေးကောက်နေသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်တပ်သား ၁၀ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သမန္တာရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားရှိ စက်တဲကွင်းမှာ အထိုင်ချ တပ်စွဲပြီး ပြည်သူတွေဆီက လစဥ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲနိုင်ခြေရှိသော ကိုယ်စားလှယ်လောင်းအချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကော် ပယ်ဖျက်နေ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲက ကြံ့ခိုင်ရေးပါတီကိုနိုင်ပြီး အမတ်ဖြစ်လာနိုင်သူတချို့ကို စစ်အုပ်စုလက်ပါးစေ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး၊ အနိုင်ရချေရှိနေတဲ့ ဦးတင်ထူးအောင်ကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။
Read More

ထီးလင်းမှာ စစ်တပ်စစ်ကြောင်း အသင့်စောင့်ဆိုင်းတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါ ၁၀ ယောက်ကျော်သေပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
Read More

ဝက်လက်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေ ခွဲထိုးရင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေသလို အရပ်သား အယောက် ၄၀ နီးပါးကိုလည်း ဓားစာခံလုပ် ဖမ်းဆီးထားတယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။