ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
(၇၆) နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ကရင် အမျိုးသား အလံတော်နဲ့ တော်လှန်ရေးလုပ်ဆောင်ကြသူတွေကို အလေးပြုခဲ့ပြီး (၇၆) နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်လူငယ်မျိုးဆက်သစ်ကျောင်းက လူငယ်မျိုးဆက်သစ်တွေက ”ထာဝရတည်စေကော်သူးလေ” ဆိုတဲ့ တေးသီချင်းနဲ့ သီဆိုဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ရဲ့ ခေါင်းဆောင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနား တက်ရောက်လာတဲ့ ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ပဒိုစောသမိန်ထွန်းကို ကရင့်တော်လှန်ရေးနေ့ (၇၆) နှစ်ပြည့်အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး အနေနဲ့ ဂုဏ်ပြုဆုချီးမြင့်ခဲ့ပြီး (KNLA) (KWO) က ပေးပို့တဲ့ (၇၆)နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာတွေကို တာဝန်ရှိသူတွေ ဖတ်ကြားခဲ့တယ်လို့ KNU က ဆိုပါတယ်။
အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) က ခေါင်းဆောင်တွေဖြစ်တဲ့ အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ဗဟို) က ခေါင်းဆောင် တပ်မှူး တပ်ဗိုလ်တွေ၊ တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးကြီး စောဒီးကွယ် ၊ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး ဘထူး၊ ရဲဘော်များအပါဝင် ဒေသခံ ပြည်သူတွေ ပါဝင်တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင့်တော်လှန်ရေးနေ့ အထိမ်းမှတ် အခမ်းအနား ပုံရိပ်များ…
0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးအသိပညာပေးကာ ချို့တဲ့သူများကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျန်းမာရေး အသိပညာပေး ဟောပြောပေးခြင်း၊ အခမဲ့ဆေးဝါးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်းတွေကို သွားရောက် ခွန်အားပေးရင်း ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြဝတီမြို့မှာ ဗုံး မတော်တဆ ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ၏ ဗိုက်ထဲက ကလေးပါ သေဆုံး

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက်၊ ရေပူကျေးရွာက နေအိမ်တစ်ခုမှာ ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်းက ဗုံး မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရှင်လင်မယား ၂ ယောက် သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ယောက်ရဲ့ ဗိုက်ထဲက ကလေးပါ သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
Read More

သဲကုန်းမြို့နယ်၊ ပန်းပင်ကုန်းရွာမှ နေအိမ်များကို မီးရှို့ပြီးပြန်လာသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ သဲကုန်းမြို့ ၊ ပန်းပင်ကုန်းကျေးရွာ ၊ အောင်စည်သာကွက်သစ်က နေအိမ်တွေကို မီးရှို့ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ဆီက သိရပါတယ် ။
Read More

ငါ့သရောက်မြို့နယ်အတွင်း အကြမ်းဖက်အုပ်စုနှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း တပ်စိတ်မှူးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့…

"ရဲဘော်တွေ အကုန်လုံးကအားကိုးရတယ်။ အထူးသဖြင့် တပ်စိတ်မှူး ရဲဘော် ဒီပ နဲ့ ဒုတပ်စိတ်မှူး Joker တို့ ဆိုရင်တိုက်ပွဲ အတွေ့အကြုံတွေ အများကြီး ရှိတယ်။ စစ်ကိုင်းတိုင်းဘက်မှာကတည်းက အတူတူတိုက်လာတဲ့ ရဲဘော်တွေပါ။ ရဲဘော် ဒီပ ဆို တောင့်ခံထားတာ ဆေးရုံရောက်ပြီး ၂ ရက်လောက်နေမှ ကျတာပါ။ ရဲဘော်တွေရဲ့ရဲစွမ်းသတ္တိကို အစဥ်သတိရပြီး နွေဦးတော်လှန်ရေးပြီးတဲ့အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှာပါ "လို့ ညောင်ဦးမြို့နယ်​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့် မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ရာ ဒေတွေကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက် သေဆုံးပြီး ၃၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁ ရက် မနေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။