ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က စီအိုင်ဒီ ရုံးအနောက်ပေါက်ဂိတ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တာဝန်ကျရဲ ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဇန်နဝါရီလ ၃၁ ရက် မနေ့က ညပိုင်းမှာ အင်းစိန်မြို့နယ်၊ ဆေးရုံကြီးအနောက်ဘက်မှာရှိတဲ့ အင်းစိန်CID ရုံးအနောက်ပေါက်ဂိတ်ကို Mother Son Yangon Force မြို့ပြ UG အဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့က ည ၉ နာရီခွဲအချိန်မှာ အင်းစိန် CID ရုံးအ​နေက်ပေါက်ဝဂိတ် တည့်တည့်ကို လက်ပစ်ဗုံးပစ်ခဲ့တယ်။ လက်ပစ်ဗုံး ၂ လုံးက ဂိတ်ဝတည့်တည့်ကို ကျရောက်ပေါက်ကွဲပြီး ရဲ ၂ ယောက်သေတယ်။ ၁ ယောက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။ ” လို့ Mother Son Yangon Force မြို့ပြ UG အဖွဲ့တာဝန်ခံ ဗိုလ်နိုင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှု​ကနေ ထွက်ပေါ်လာတဲ့ လက်ပစ်ဗုံးပေါက်ကွဲသံကို အင်းစိန်အနီးတစ်ဝိုက်က ကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီး အခင်းနေရာကို စစ်ကောင်စီတပ်က ဖောကားတွေနဲ့ ရောက်ရှိလာပြီး အနီးအနားပတ်ဝန်းကျင်ကို ရှာဖွေစစ်ဆေးတာ၊ မနက်လင်းပိုင်းအထိ လမ်းပိတ်စစ်ဆေးတာတွေအပြင် အရပ်ဝတ်နဲ့ ကင်းပုန်းချထားတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Mother Son Yangon Force မြို့ပြ UG အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလတုန်းကလည်း အလားတူ အင်းစိန်စီအိုင်ဒီရုံး အရှေ့ပေါက်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား ၄ ယောက်သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ – အင်းစိန်စီအိုင်ဒီရုံးနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်ပစ်ဗုံးများ
0 Shares:
You May Also Like
Read More

မြင်းခြံတွင် စစ်ကောင်စီတပ်ကို MBT မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများနှင့် ပြည်သူများ ရောထွေးနေမှုကြောင့် မစ်ရှင် ၂ ခု ဖျက်သိမ်းခဲ့ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်မှာ စစ်ရေးမစ်ရှင် ၃ခု ဖော်ဆောင်ဖို့ကြိုးစားခဲ့ပေမယ့် အရပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ရောထွေးစကားပြောဆိုမှုတွေ ရှိနေတာကြောင့် မိုင်းဆွဲမစ်ရှင်တစ်ခုသာ သေချာလုပ်ဆောင်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး ပွဲချင်းပြီး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် ပွဲချင်းပြီး သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲလို့ အရပ်သား ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရ

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖယ်ရှားပြီးတဲ့ အခါ ကျန်ရှိတဲ့ စစ်တပ်တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆွေးနွေးပြီး အာဏာလွှဲပြောင်းရေးကို လုပ်ဆောင်သွားမယ်လို့ NUG ပြော

စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပါက  ဘုံနိုင်ငံရေး ဦးတည်ချက် ( ၆ )ရပ်ကိုလက်ခံပြီး ကျန်ရှိနေမယ့် မြန်မာစစ်တပ်က တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးပြီး အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေကို မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။