စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာယာဉ် ၂ စီးကို ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KM ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ယာဉ်ပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေက အနီးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို KM ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ MONYWA DYNAMITE (STF) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ်အတွင်း ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေး လက်တွေ့သရုပ်ပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေရှိနေတဲ့အတွက် PDF ရဲဘော်တွေဟာ မြေပြင်က ကလေးငယ်တွေကို လေကြောင်းအန္တရာယ်ပညာပေးမှု လက်တွေ့သရုပ်ပြခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်ထံက သိရပါတယ်။
Read More

တအာင်းပြည်တစ်နေရာတွင် DPLF/DPLA ၏ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနှင့်  လက်နက်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLF/DPLA ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲနဲ့ လက် နက်တပ်ဆင်ခြင်းအခမ်းအနားကို တ‌အောင်းပြည်တစ်နေရာမှာ ဇွန်လ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့  သိရပါတယ်။
Read More

သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးက ကျောက်မိုင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါ တယ်။
Read More

၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနှင့် ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ အခြေစိုက် အမှတ် ၅၈၂ ခြေမြန်တပ်ရင်းနဲ့ ကျေးရွာရဲစခန်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။